Part - 15 🌸

233 12 0
                                    

[Unicode]

ရှမ်းပြည်နယ်က သိပ်ကိုလှပပြီး အေးချမ်းလွန်းတဲ့ ဒေသ။သဘာ၀ရဲ့ ရင်သွေးအရင်းမြစ်ဖြစ်တဲ့ ရှမ်းတောင်တန်း‌တွေဆီကနေ တိုက်ခတ်လာတဲ့ လေနုအေးက လူ၏ စိတ်ကိုလန်းဆန်းသွားအောင်ပြုလုပ်ပေးနိုင်သည်။တောင်ပေါ်ဒေသဖြစ်ပြီး‌ မြူဆိုင်းလွန်းတာကြောင့် နေထွက်ချိန်ကား နောက်ကျသည်။

စိမ်းလန်းလွန်းတဲ့ မြက်ခင်းလွင်ပြင်တွေနဲ့အတူ တေးသီငှက်တို့ရဲ့ အော်မြည်သံတို့က
နံနက်အာရုဏ်ဦးကို ပို၍ပြည့်စုံလှပ‌အောင် ထောက်ပံ့ပေးနေသယောင်။

လွှမ်းရတုမိုင် အတွက်မြင်မြင်သမျှအရာအားလုံးဟာ အသစ်သစ်သောခံစားချက်တို့ကို ပြန်လည်ပေးစွမ်းနိုင်သည်။ လူတစ်ယောက်မှာအမြဲတမ်း ပြန်ချင်နေခဲ့တဲ့ မြို့တစ်မြို့ရှိတယ် တဲ့ ... အဲ့စကားကသိပ်မှန်တယ် ... သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့
ဒီဇာတိမြေကို အမြဲပြန်ချင်ခဲ့တယ်။

သိပ်လှတဲ့ ပန်းရောင်ချယ်ရီပင်တွေနဲ့ ပြည့်နှက်နေတာမို့ ချယ်ရီရိပ်မြုံလို့တောင် တင်စားခေါ်ဝေါ်ရတဲ့ "ချယ်ရီနန်း"ကို ခုတော့ သူပြန်ရောက်လာခဲ့ပါပြီ။

သူ ဒီတောင်ပေါ်ကိုရောက်လာတဲ့ အချိန်က မနက်၅နာရီခွဲဘဲ ရှိသေးတာမို့ မြူတွေဆိုင်းနေပြီး ချမ်းစိမ့်နေအောင်အေးသည်။သာမန်အချိန်တွေတောင် အသင့်တင့်အေးပေမယ့် ခုကဆောင်း၀င်ခါနီးမို့လို့ အအေးဓာတ်ပိုနေတာဖြစ်မည်။

ဒါပေမယ့် မတတ်နိုင်ဘူး ... သူကနေထွက်ချိန်ကိုကြည့်ပြီး ရှူခင်းတွေကို ဓာတ်ပုံရိုက်ချင်တာမို့လို့ ... ပုံကောင်းကောင်းရဖို့ဆို ဒီအချိန်တက်လာမှသာတော်ကာကြမည်။

ရှပ် ! ရှပ် !

ပါလာတဲ့ကင်မရာလေးနဲ့ ရှုခင်းတွေကို မှတ်တမ်းလိုက်တင်နေတုန်း နောက်ကနေ မြက်ခင်းတွေကို ‌နင်းဖြတ်ပြီးလျှောက်လာတဲ့ ခြေသံတစ်ခုကို ကြားလိုက်ရသည်။

ခုလို မနက်အစောကြီး ဒီတောင်ပေါ်ကို တက်လာတဲ့ လူကရှားတယ်မလား။နောက်ကကြားနေရတဲ့ အသံက လူရောဟုတ်ရဲ့လား ... တောနဲ့လည်းနီးတာမို့လို့ အကောင်တစ်ကောင်ကောင်ရဲ့ ခြေသံများလား ... ဒါမှမဟုတ် ... သူတွေးကြည့်ယုံနဲ့ကြက်သီးမွှေးညင်းတွေထလာသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: May 01, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံDonde viven las historias. Descúbrelo ahora