Part - 6 🌸

184 12 25
                                    

[Unicode]

"ကျွန်တော်ကစိတ်ပူနေတာအမရေ ညနေတောင်စောင်းနေပြီ တော်ကြာမှောင်ရင်
မကောင်းတော့ဘူးလေ ....။အမတူအကြောင်းလည်းသိတယ်မလား အဆင်ပြေပြေ
ဘေးကင်းကင်းနဲ့ရောက်လာလို့တော်သေးတာပေါ့ ....."

"အမလေး .... ဒါတောင်ငါ့မှာလေယာဉ်ဆိုက်ပြီးနာရီဝက်လောက်ထိုင်စောင့်နေရသေး
သူရောက်မလာသေးလို့"

ဒေါ်ရတနာလွှမ်းက သူ့ဘက်ကိုမျက်စောင်းထိုး၍ပြောလာတော့ လွှမ်းရတုမိုင်ဘာအမှားမှမလုပ်ထားတဲ့အပြစ်ကင်းစင်သူလိုသွားလေးတွေပေါ်အောင်ရယ်ပြပြီး အဒေါ်ဖြစ်သူလက်မောင်းကိုချိတ်ကာကပ်ချွဲလိုက်သည်။

"ဟီး .... တီတီလေးကလည်း သားကအချိန်မှီရောက်အောင်လာပါတယ် ကလောဘက်တွေက
သိပ်မဆင်းဖြစ်တော့ကားမှားစီးမိလို့ နည်းနည်းလောက်နောက်ကျသွားတာပါဆို "

"သွားပါ .... မင်းဟိုဝင်ဒီဝင်လုပ်‌တယ်ဆိုလုပ်တယ်ပေါ့"

တကယ်တော့လွှမ်းကိုမာမီက
ရန်ကုန်ကအလည်လာတဲ့တီတီလေးရတနာကို ကြိုဖို့ဟဲဟိုးလေဆိပ်ကိုလွှတ်လိုက်တာဖြစ်သည်။သို့သော်လမ်းမှာလွှမ်းက ကလော view point ကိုဝင်ပြီးလည်နေတာနဲ့တင်ကြာသွားတာ . . .။သို့သော်ကိုယ့်အပြစ်ကိုမပြောရဲလို့ ကားမှားစီးတာဟုဘဲလိမ်လိုက်ရတာဖြစ်သည်။

"အဲ့တာသာကြည့်တော့အမရေ အဲ့ကလေးကိုဘယ်နေရာမှကိုစိတ်မချတာဘဲ ဒီဆိုဟိုဝင်ပြီးလွတ်တာနဲ့လစ်တဲ့ကလေးမျိုး"

"ကဲ မမလည်းပင်ပန်းလာရောပေါ့
ချယ်ရီ မမဖို့အခန်းပြင်ပေးထားတယ်
အိမ်ပေါ်မှာသွားနား‌ရအောင်"

ဒေါ်ချယ်ရီလွှမ်းကအမဖြစ်သူ့ရဲ့ခရီးဆောင်အိတ်များကိုဆွဲကာ အိမ်ပေါ်သို့ဦးဆောင်ကခေါ်သွားသည်။အိမ်ဘေးကွက်ပျစ်‌တွင်ကျန်ခဲ့သည်ကလွှမ်းရတုမိုင်နှင့်ဦးစိုင်းလူးသာတို့သားဖနှစ်ယောက်တည်းပင်။

လွှမ်း မသိမသာဖင်လေးကြွကာကွက်ပျစ်ကဆင်းပြီးခြံထဲကလစ်ထွက်ဖို့လုပ်တော့ . . . .

"ဟိုကောင် ..... ဒါဘယ်လဲ"

"ဟီး ... ဟိုဇွဲရှန်တို့ဆီသွားခဏသွားမို့"

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံDonde viven las historias. Descúbrelo ahora