[Unicode]
"ဒါဆိုတကယ်မင်းလည်းပါတာပေါ့ တော်သေးတယ်ကွာမဟုတ်ရင်ငါ့မှာတစ်ယောက်တည်းဖြစ်တော့မယ်ထင်နေတာ"
ချယ်ရီနန်းဆိုတဲ့ရွာမှာ တာ၀န်ထမ်းဆောင်ဖို့အတွက်ခွဲစိတ်ဌာနကသူရယ်၊ဟောက်ဆာဂျင်ဖြစ်တဲ့မြတ်မင်းခရယ်အပြင်ကိုမှ Ortho(အရိုးအကြော)ကပါမောက္ခဖြစ်တဲ့ကိုဘုန်းမြတ်လင်းမာန်ရယ်၊သူငယ်ချင်းဖြစ်သူမင်းခန့်ကျော်စွာရယ်၊နောက်ပြီး OG(သားဖွားမီးယပ်)ဘက်ကပါမောက္ခအမယွန်းသီရိကျော်ရယ်အပြင်nurseတစ်ယောက်ရယ်ကိုပါပြောင်းရွှေ့စာရင်းကျလာခဲ့သည်။
"ဘယ်လိုဘဲဖြစ်ဖြစ်ရတုလေးပါတော့
တော်သေးတာပေါ့ကွယ် အဲ့ဘက်ကနယ်ခံပါတော့အမတို့လည်းနေရထိုင်ရတာအဆင်ပြေမှာပါ"အမယွန်းသီရိကျော်ပြောတဲ့စကားကိုပြုံးပြီးအသိမှတ်ပြုမိသော်လည်းလေးလံတဲ့စိတ်တို့ကတော့ခုထိမပျောက်ပျက်သွားပေ။
"ဇာတိမြေကိုပြန်ရတာ မင်းကမပျော်ဘူးလား
မျက်နှာကြီးကလည်းမချိုမချဉ်နဲ့ကွာ
မင်းအဖေနဲ့အမေကိုတွေ့ရမှာလေကွ"မင်းခန့်ကျော်စွာပြောတာလည်းဟုတ်သည်။
အဖေနဲ့အမေကိုမတွေ့ရတာသုံးနှစ်ကြာပြီ။
သူကဇာတိကိုမပြန်တော့ သူ့ဆေးကျောင်းတက်တဲ့နှစ်တွေနဲ့ဟောက်ဆာဂျင်ဘ၀တုန်းက အဖေနဲ့အမေကအမြဲရန်ကုန်ကိုဘဲဆင်းလာပြီးလာတွေ့ခဲ့တယ်။ဒါပေမယ့် သူခုခွဲစိတ်အထူးကုဖြစ်တဲ့အချိန်ကစပြီးအမေနဲ့အဖေက အသက်အရွယ်အရစိတ်ချပြီမို့လာမတွေ့သလို သူကလည်းမိဘတွေအသက်ကြီးလာပြီးမို့အပင်ပန်းခံပြီးလာမတွေ့ခိုင်းတာဖြစ်လေသည်။အမြဲလိုလိုသာ ဖုန်းဆက်ပြီးနဲ့စကားလှမ်းပြောတာမျိုးတွေနဲ့သာကြုံခဲ့ရတယ်။"ဒါနဲ့အကိုဘုန်းမြတ်လင်းမာန်က ဘယ်လိုဖြစ်လို့ပါလာတာလည်း ငါ့ကိုဆေးရုံအုပ်ပြောတုန်းကမပါ ပါဘူး"
"အမလေး ရတုရေအဲ့အချစ်ငှက်တွေကိုတော့ပြောမနေပါနဲ့တော့ သူ့ကလေးကနယ်ပြောင်းရတာကိုဟိုကစိတ်မချလို့သူ့ကိုပါပြောင်းရွှေ့ထဲထည့်ပေးမို့ဆေးရုံအုပ်ကိုတက်ပြောလေရဲ့"
"အော် အဲ့လိုလား"
"ဟီး အမယွန်းကလည်း"
"ဘာအမယွန်းလည်း ခုနငါလာတုန်းကတော့
တငိုငိုတရီရီဖြစ်နေပြီးတော့ ခုလင်းမာန်လည်းပါမယ်ဆိုရောချက်ချင်းရုပ်ကပြောင်းသွားတာကိုများ"
YOU ARE READING
မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံ
Fantasyချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ? ချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ?