Part - 14 🌸

117 9 2
                                    

[Unicode]

"လာကြ... လာကြ ... ဦးတို့က ဆရာလေးတို့လာမယ်ဆိုလို့ မနက်ထဲက မျှော်နေကြတာ ထိုင်ကြဗျာ "

လွှမ်းရတုမိုင်တို့ ခြံထဲကို၀င်လာသည် နဲ့ ဦးဝေမှိုင်းက ၀မ်းသာအားရနဲ့ကြိုဆိုပြီးကွက်ပျစ်တွင်ထိုင်ခိုင်း သဖြင့် အစ်ကိုဘုန်းမြတ်က တုံ့ပြန်စကားဆိုကာ ၀င်ထိုင်လိုက်ကြသည်။

" ဟုတ်ကဲ့ ... ကျွန်တော်တို့ကလဲလမ်းမှာ ကားကဆီကုန်တော့ ခြေလျင်လျှောက်တာနဲ့ကြာသွားတာ ခင်ဗျ "

"အေးကွယ် ... ဒါနဲ့  ဟောဟိုက ကလေးက
ကိုစိုင်းလူးသာ သားမလား ကွ "

"ဟုတ်ကဲ့ဦးလေး ... ကျွန်တော်လွှမ်းရတုမိုင်ပါ "

"အေးကွယ် ... ဦးတို့ရွာကပညာတတ်လဲနည်းတော့ ခုလို သားရတုက ဆရာ၀န်ဖြစ်သွားတာ
ဦး ၀မ်းသာတယ်ကွယ်... "

လွှမ်း ပြုံးပြကာခေါင်းညိမ့်ပြပြီး ‌ပတ်၀န်းကျင်ကို
အကဲလိုက်ခတ်ကြည့်တော့ ဘယ်သူ့ကိုမှမတွေ့ရပေ။

" သုံးဆောင်ကြပါအုံး ဆရာလေးတို့၊ဆရာမလေးတို့ ... ကျွန်မတို့ရွာကထွက်တဲ့ လက်ဖက်စစ်စစ်ကိုသုပ်ထားတာပါ . . . . "

လက်ဖက်သုပ် ပန်းကန်ချပြီး၀င်ထိုင်လာတဲ့
ဒေါ်တင်တင်ကို လွှမ်းပြုံးပြလိုက်တော့
ဘီလူး၊သရဲ မြင်သလို အလန့်တကြားဖြစ်သွားတယ်။

"မင်း .... မင်း ... လွှမ်း ...လွှမ်းရတုမိုင် မလား "

"ဟုတ်ပါတယ် ... ကျွန်တော်ပါဗျ ...နေကောင်းတယ်နော် ဒေါ်ဒေါ် "

" မင်းငါ့ကိုလာရွဲ့နေတာလား ... ဘာကိစ္စနဲ့ ရွာကိုပြန်လာရတာလဲ "

ဒေါ်တင်တင်လေသံကမာလာပြီး တစ်ဖြည်းဖြည်းနဲ့အသံကျယ်လာသဖြင့် အားလုံးက လွှမ်းရတုမိုင်မျက်နှာကို လှမ်းကြည့်ပြီး မျက်လုံးနဲ့အမေးစကားထုတ်နေကြသည်။

"‌တင်တင် ... ဧည့်သည်ကိုဘယ်လို ဆက်ဆံနေရတာလဲ ... လွှမ်းရတုမိုင်က ရွာကိုလာတဲ့ဆရာ၀န်ကွ "

"ရှင် ... သူကဆရာ၀န် "

"ဟုတ်ပါတယ် ဒေါ်ဒေါ် ... ရတုက ကျွန်မတို့ဆေးရုံက ခွဲစိတ်အထူးကုပါ"

အခြေနေကိုရိပ်မိလာတဲ့ အမယွန်းသီရိကျော်က
စကားကိုဖြတ်ပြီးပြောလိုက်သည်။

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံTempat cerita menjadi hidup. Temukan sekarang