[Unicode]
"မေမေ သားလိမ္မော်ခြံသွားလိုက်အုံးမယ်နော်""ခဏလေး ဒီကိုလာထိုင်အုံးသား"
မှိုင်းရိုးလွင်တစ်ယောက်ခြံဝကိုလှမ်းဖို့ပြင်နေတဲ့ခြေလှမ်းတွေကိုရပ်ကာမေမေရှိရာ
ကွက်ပျစ်သို့ပြန်ဦးတည်လိုက်ရသည်။"မေမေ သားကိုပြောစရာရှိလို့လား"
"ရှိတယ်ဆိုတာထက်မေးစရာရှိတယ်ဆိုပါတော့"
"ဘာများလဲ မေမေ"
"ငါ့သားဘယ်တော့လောက် ရန်ကုန်ပြန်သွားရမလဲ. . . .။မပြန်သေးဘူးလား"
"မေလလောက်တော့ပြန်ရမယ်ထင်တယ်
ကျောင်းကဇွန်လလောက်ပြန်ဖွင့်မှာဆိုတော့
ဟိုရောက်ရင် ကျောင်းအပ်ရမှာရယ် အဆောင်တွေစီစဉ်ပြီးလိုအပ်တာတွေဝယ်ရမှာရယ်ဆိုတော့လေ. . . .။ ဘာဖြစ်လို့မေမေ"မှိုင်းရိုးလွင်ကYUOE(ရန်ကုန်စီးပွားရေးတက္ကသိုလ်)မှာတက်ရောက်နေတဲ့စတုတ္ထနှစ်ကျောင်းသားဖြစ်သည်။ကျောင်းတွေပိတ်တိုင်းဇာတိဖြစ်တဲ့ရှမ်းပြည်ကိုပြန်လာဖြစ်ပြီး
ဖေဖေနဲ့မေမေ့ရဲ့စီပွားရေးလုပ်ငန်းတွေကိုကူလုပ်ပေးလေ့ရှိသည်။ခုလည်းလိမ္မော်ခြံဘက်ဖေဖေ့ကိုယ်စားသွားစီစစ်ပေးမို့ထွက်လာတာကိုမေမေကလှမ်းခေါ်၍သူဘယ်တော့ရန်ကုန်ပြန်မှာလည်းဆိုပြီးအတင်းမေးနေသည်။အရင်ကမေမေဟာသူ့ကိုမခွဲနိုင်လို့တောင်ရန်ကုန်မပြန်ဖို့တောင်းဆိုခဲ့တာခုကျဘာလို့များပြန်စေချင်နေရတာပါလိမ့်။
"ဘာဖြစ်လို့လဲဆိုတော့ မင်းကိုငါဟိုကလေးနဲ့အမြဲတပူးပူးတတွဲတွဲနဲ့မြင်နေရတာမကြိုက်ဘူးသားအဲ့ကလေးကဆယ်တန်းကိုလည်း၂နှစ်ဆက်တိုက်ကျတာနောက်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့အသောက်အစား၊အလောင်းကစား၊အပျော်အပါးကလည်း အို . . . ဘာမက်သလဲမမေးနဲ့ . . .။
ဟိုနေ့ကလည်း ရွာအနောက်ဘက်ခေါင်ရည်ဆိုင်မှာမူးရူးပြီးရန်ဖြစ်သေးတယ်ကြားတယ်
အဲ့လိုလူမျိုးနဲ့ငါ့သားလိုပညာတတ်ကဘာလို့ပေါင်းနေရတာလဲ မေမေမကြိုက်ဘူးနော် သား. . .""မေမေ အဲ့တာကလေ . . ."
"သား . . . .လိမ္မော်ခြံသွားမယ်ဆိုမသွားသေးဘူးလား ဖေဖေတောင်နွားစာကျွေးပြီးနေပြီ
တော်ကြာအပြန်နောက်ကျနေအုံးမယ်
သွားတော့လေ"
YOU ARE READING
မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံ
Fantasyချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ? ချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ?