4 - Sagittarius A

4.2K 505 34
                                    

#LightYearsAway #4

ကြည်သာ ဖုန်းကိုတစ်ချက်ဖွင့်ကြည့်လိုက်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်မိ၏။ ဝေယံခ နာမည်ဖြင့် Missed Call က အထင်းသား။ ပူရှိန်းလေးငုံလိုက်ပြီးမှ လက်ပ်တော့ဖွင့်ကာ Facebook နှင့်ချိတ်ဆက်လိုက်၏။ ကြည်သာ့ ကိုစကားလာပြောကြသူတွေရှိလည်း ထိုစာများကိုမကြည့်မီ ပထမဆုံးလုပ်သည်က ချမ်းငြိမ်း အကောင့် ကို သွားကြည့်ခြင်းဖြစ်သည်။ ချမ်းငြိမ်းက ပို့စ်တွေဘာတွေသိပ်တင်လေ့မရှိပါ။ တခါတရံတော့ ကြည်သာ နားမလည်သည့်ဘာသာစကားတွေနှင့်ရေးထားသည်တို့ကို ရှဲလာတတ်သည်။ ရှုခင်းပုံများတတ်တတ်၏။

သို့သော် ချမ်းငြိမ်း၏ ပရိုဖိုင်ပုံမှာ မလိုအပ်ဘဲ ဆွဲဆောင်မှုရှိချင်နေသည်ဟု ထင်မိသည်။ ချမ်းငြိမ်းပုံကို မြင် လျှင် ဘယ်ကောင်မလေးက မကြွေဘဲနေနိုင်မည်နည်း။ ပျင်းစရာကောင်းလှသော ချမ်းငြိမ်း ရည်းစားရနေ မည်ကိုစိတ်ပူ၍ ကျော်ဇောနှင့် သုခတို့ အပြင် အောင်စိုး ဟူသော ချမ်းငြိမ်းသူငယ်ချင်းတွေနှင့်ပါ ခင် အောင်ပေါင်းထားရသည်။

ရုတ်တရက် ချမ်းငြိမ်း အကောင့် မီးစိမ်းလာသဖြင့် ကြည်သာ လန့်သွား၏။ ရန်ကုန်မှာဆို ဒါ ဘယ်အချိန် ဖြစ်နေပြီလဲ။ ဒီအချိန်ကြီး ဘာဖြစ်လို့ ချမ်းငြိမ်းက လိုင်းသုံးနေတာလဲ။

"ကိုကို..မအိပ်သေးဘူးလား"

ချမ်းငြိမ်းက ချက်ချင်းဝင်ကြည့်ပြီး စာရိုက်နေသောအခါ သူစောင့်မနေတော့ဘဲ ဖုန်းခေါ်လိုက်၏။

"နင် ဘာလုပ်နေတာလဲဟင်"

 "ကြည်သာ။ ကျောင်းမှာလား" 

"မဟုတ်ဘူး။ အဆောင်မှာ။ နင်မအိပ်ဘူး လား ကိုကို" 

"လုပ်စရာလေးတွေက ခုနမှပြီးတာနဲ့။ Facebook ခဏဝင်ကြည့်တာ" 

"ငါ ညမအိပ်ဘဲ စာ ကျက်ရင်တော့ နင်ဆူမှာမလား။ နင်ညမအိပ်တော့ကျ ဘယ်လိုလုပ်မလဲ"

ချမ်းငြိမ်းက ခပ်ဖွဖွလေးရယ်သည်။

"ကိုယ် ပြီးရင် အိပ်မှာပေါ့ ကြည်သာ" 

"နင် ရည်းစားရနေပြီလား" 

"ကိုယ့်ကို အထင်ကြီးပြန်ပြီ" 

Light-Years AwayWhere stories live. Discover now