28 - Lunar

3.7K 358 60
                                    

#LightYearsAway #28

(*READ AT YOUR OWN RISK*)

(ဒီအပိုင်းအတွက် မျိုးကြီးရဲ့ အပြာရောင်ညနဲ့ ဆောင်းဦးလှိုင်ရဲ့ ညရဲ့လမင်းကို recommend ပါတယ်)

NASA ၏ အချိန်ပြည့်ပညာရှင်ဖြစ်လာခြင်းက ဝေယံ့ကို လူနေမှုသာမက စိတ်ခွန်အားပါ တစ်ဆင့် မြှင့်ပေး ခဲ့သည်။ ယခင်နေခဲ့သော တိုက်တန်းလေးမဟုတ်တော့ဘဲ တခြားသောအဆင့်မြင့်ပညာရှင်များနည်းတူ  ကွန်ဒို ခန်းတစ်ခန်းရရှိလာပြီ။ အလုပ်သွားအလုပ်ပြန်ရန် ကားတစ်စီးလည်း အလုပ်မှပေးထားပြီ။ ကား ရ ရှိသည့်အတွက် ဝေယံ အပျော်ဆုံးမှာ ချမ်းငြိမ်းနှင့် သွားလိုရာသွား၍ရခြင်းပင်။ အဘိုးကြီးကူးမား ပေးထား သော ကင်မရာလေးကို လက်တွေ့အသုံးချရန်က New York မြို့တော်ကြီး၏ အလင်းရောင်များနှင့် သိပ် အဆင်မပြေလှပါ။ ကား ၂ နာရီ ၃ နာရီခန့်မောင်းသွားရသော အမျိုးသားဥယျာဉ်များသို့ သွားရောက်၍ ည ကောင်းကင်ကို ရှုစားမှသာရနိုင်မည်။ ယခုတော့ ဝေယံ့မှာ ပူပန်စရာမလိုတော့ပေ။

ချမ်းငြိမ်း ကျောင်းမှပြန်လာသည်နှင့် ဝေယံ ဝင်ကြိုပြီး အိမ်ခဏပြန်ကာ အဝတ်အစားလဲစေသည်။ ထို့ နောက် ကားပေါ်ချစ်သူကိုတင်၍ ကားမောင်းထွက်လာခဲ့သည်။

"ပျော်နေတာပဲ ကိုယ့်ဝေယံက"

ချမ်းငြိမ်းက မူပိုင်အပြုံးလေးဖြင့် ငေးရင်း အေးအေးဆေးဆေးပြောသည်။ ဝေယံ လေတစ်ချက်ချွန်လိုက် ရင်း နောက်သို့ မေးဆတ်ပြလိုက်၏။

"ကားနောက်ခန်းလည်းကြည့်လိုက်ဦး။ လိုအပ်တာ အကုန်ပါတယ်။ Picnic ဖျာကအစ ခုံရော စားစရာ သောက်စရာ အကုန်ပါတယ်။ မင်းဖို့ အအေးလည်းပါတယ်။ ငါ အရမ်းကျေနပ်နေတာ ချမ်းငြိမ်းရာ"

ချမ်းငြိမ်းက နောက်ကိုလှည့်ကြည့်ရမည့်အစား ဝေယံ့ မျက်နှာကိုသာ ဘေးတိုက်ငေးကြည့်နေရင်း ခပ် တိုးတိုးရယ်သည်။

"ကိုယ့်ဝေယံက စိတ်ကျေနပ်နေရင် အချောဆုံးပဲ"

"မင်းနဲ့ကလွဲပြီး ငါ ကိစ္စတိုင်းကို စိတ်ကျေနပ်ရတာပဲ ချမ်းငြိမ်း"

ဝေယံ စိတ်ထဲရှိသည်ကို ပြောလိုက်တော့ ချမ်းငြိမ်းက အပြုံးကလေး မှိန်သွားကာ လမ်းမဘက်ခြမ်း မှောင် မည်းမည်းကို ငေးကြည့်နေပါသည်။ ပြီးတော့မှ သက်ပြင်းတစ်ချက်ရှိုက်ရင်း "ကိုယ်ကြိုးစားပါမယ်" ဟု ဆို လာ၏။ ဝေယံ စိတ်ပျက်လက်ပျက်ဖြင့် ကားကိုလမ်းဘေးဆွဲချပစ်လိုက်ရသည်။

Light-Years AwayWhere stories live. Discover now