#LightYearsAway #24
အလုပ်မှာ ဝေယံ၏ လုပ်ဆောင်မှုများ ပုံမှန်ကဲ့သို့ ပြန်ကောင်းလာတော့ Abby က 'ပြောသားပဲ' ဟူသော အပြုံးမျိုးဖြင့် စီးကရက်တစ်လိပ်တိုက်သည်။ ဝေယံသိလာသည်က စီးကရက်တိုက်ခြင်းသည် တခြားသူ များ ကော်ဖီတိုက်သကဲ့သို့ Abby ၏ ရင်းနှီးမှုကို ဖော်ပြခြင်းပင်။ ဤတစ်ခါတော့ ဝေယံ မငြင်းဆန်လိုက် တော့ပါ။ စီးကရက်ကို Abby မီးခြစ်ဖြင့်ပင် မီးညှိပြီး ဖွာလိုက်မိသည်။
"မင်းရဲ့လူနေမှုဘဝက မင်းရဲ့အလုပ်အပေါ် အများကြီးသက်ရောက်စေတာပဲလား"
"ကျွန်တော့်လူနေမှုဘဝထက် ကျွန်တော့်စိတ်အခြေအနေလို့ပြောရမယ်ထင်တယ် Abby. ကျွန်တော် အခု တော့ ပျော်ပါတယ်"
"သိသာပါတယ်။ ယံ.. ငါ့ကိုကြည့်စမ်း။ ငါ ဒီ NASA Program ကိုဦးဆောင်လာတာ နှစ်တွေအများကြီးရှိပြီ။ မင်းက ငါတွေ့ဖူးတဲ့ထဲမှာ အရည်အချင်းတော်တော်ကောင်းတဲ့ ကလေးပဲ။ စာတွေ့တွေသင်ယူပြီး ငါ့ဆီ ရောက်လာသမျှ ထိပ်တန်းကျောင်းသားတွေထဲမှာတောင် မင်းကို ငါ သဘောကျတယ်။ အခု အလုပ်သင် ကာလပြီးရင် New York မှာဆက်နေချင်လား"
ဝေယံ ဆေးလိပ်ကို ဖွာရမည့်အစား အလောတကြီး ရှိုက်မိသဖြင့် ချောင်းဆိုးကုန်၏။ မယုံမရဲတွေလည်း ဖြစ်ကုန်ရသည်။ စိတ်ထဲမှာလည်း အချက်ပေးသံတွေနှင့် ကတုန်ကရင်ဖြစ်ကုန်၏။
"အလန့်တကြားဖြစ်သွားပုံပဲ။ မင်း အေးအေးဆေးဆေးစဉ်းစားချိန်ရပါတယ်။ NASA ရဲ့အချိန်ပြည့် ဝန်ထမ်း ဖြစ်သွားရင် မင်းအတွက် အခွင့်အရေးကောင်းတွေအများကြီးရှိတယ်။ မင်းစိတ်ဝင်စားတဲ့ Space Engineering အပိုင်းကိုလည်း New York ကနေ ဒီဌာနကနေပဲ လုပ်ကိုင်လို့ရအောင် စီစဉ်ပေးမယ်"
"ကျွန်တော်တို့ဌာနမှာ.. အာကာသယာဉ်တည်ဆောက်ရေးလုပ်ငန်းရှိလို့လား"
"အိုကေ။ သိပ်မကြာခင်ကပဲ Pentagon ကနေ New York မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ကြည့် ဖို့ ခွင့်ပြုချက်ပေးလိုက်တယ်။ ငါတို့ ဒုံးကျည်တွေ ပဲ့ထိန်းစင်တွေ တည်ဆောက်လို့တော့ဘယ်ရမလဲ။ ဒါပေမဲ့ သေးငယ်တဲ့ spacecraft တွေဆိုရင်ဖြစ်နိုင်တယ်။ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ပစ္စည်း တွေ သယ်ပို့ဖို့နဲ့ ဌာနတစ်ခုတည်ဆောက်ဖို့ သူတို့စီစဉ်နေတယ်။ အနည်းဆုံးတော့ မင်း တခြားပြည်နယ် ကို အမြဲတမ်းသွားနေစရာမလိုတော့ဘူးပေါ့"
DU LIEST GERADE
Light-Years Away
Aktuelle Literaturချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...