19 - James Webb (telescope)

3.9K 492 83
                                    

#LightYearsAway #19

ချမ်းငြိမ်းအေးဟန်၏ အခန်းက ချမ်းငြိမ်းအေးဟန်နေထိုင်သည်ဟု သေချာပေါက်ခံစားရသည်ဟူသော ကြည်သာ့စကားကို ကြားစက ဝေယံ မခံမရပ်နိုင်ဒေါသထွက်ဖူးသည်။ အလင်းရောင်မရှိသော အခန်းကို လင်းစေနိုင်သည်ဆိုတုန်းက ဘာအခြေအမြစ်မရှိတာတွေလဲ ဟု လှောင်တွေးခဲ့ဖူးသည်။ သို့သော် ချမ်းငြိမ်း အေးဟန် တကယ်လက်တွေ့နေထိုင်သော အခန်းထဲသို့ ရောက်လာသောအခါ ဝေယံသည် ကြည်သာ့ကို မထောက်ခံ၍မရတော့ပေ။ အခန်းတံခါးဖွင့်ဝင်လိုက်သည်နှင့် လန်းဆန်းနွေးထွေးစေသော ရနံ့သင်းသင်း လေးတစ်ခုက ဆီးကြိုနေသည်။ အခန်းသည် New York စံနှင့်ဆိုလျှင် ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိသည့်အနေအထားတွင် ရှိ၏။ ရေချိုးခန်းကတော့ အခန်းနှင့်တွဲလျှက်မရှိသော်လည်း လက်ရှိတွင် ကူးမား တို့သားနှစ်ယောက်က တခြားပြည်နယ်များတွင်နေထိုင်သည့်အတွက် အပေါ်ထပ်ရှိ ရေချိုးခန်းက ချမ်းငြိမ်းပဲ အသုံးပြုနိုင်သည်ဖြစ်၍ အဆင်ပြေပါသည်။

ချမ်းငြိမ်းအခန်းမှာ ထူးထူးခြားခြားအလှဆင်ထားခြင်းမျိုး မရှိသကဲ့သို့ နံရံကပ် ပန်းချီကားပင်မရှိပါ။ စာ အုပ်စင်ကလည်း စာအုပ်များများစားစားမရှိ။ အိပ်ရာသည်လည်း ရိုးရိုးရှင်းရှင်းဖြင့် သပ်သပ်ရပ်ရပ်ရှိသည်။ စာကြည့်စားပွဲ၊ အလုပ်စားပွဲတွင်တော့ ပစ္စည်းနည်းနည်းများသည်။ လက်ပ်တော့လေးတင်ထားသည်။ ခြုံ ငုံကြည့်လျှင် ချမ်းငြိမ်းအေးဟန် အခန်းရှိပစ္စည်းတစ်ခုချင်းစီက ဆန်းပြားနေခြင်းမရှိ။ သို့သော် အခန်းအ နေဖြင့် ကြည့်လိုက်လျှင်တော့ အလိုလိုပြောင်းလဲသွားပြီ။ ဤသည်က ချမ်းငြိမ်းအေးဟန်၏ အခန်းဖြစ်ပြီး ဤနေရာတွင် သူစာကြည့်မည်၊ အလုပ်လုပ်မည်၊ အိပ်စက်မည်ဟူသောအတွေးဖြင့်ပင် ဤအခန်းက မတူ ညီတော့ပေ။

"မင်းအခန်းထဲမှာ စာအုပ်တွေအများကြီးရှိမယ်လို့ထင်တာ"

ချမ်းငြိမ်း အခန်းသို့ ပထမဆုံးရောက်ဖူးခြင်းအတွက် ဝေယံ ရင်ခုန်ပါသည်။ သို့သော် ချမ်းငြိမ်းကမူ မည်သို့ မျှမထူးခြားသလိုပင်။ ဝေယံ့ကို အိပ်ရာပေါ်ထိုင်ခိုင်းသည်။ သူကိုယ်တိုင်ကတော့ စာကြည့်စားပွဲရှေ့မှခုံမှာ ထိုင်သည်။ အမှန်တော့ ဝေယံသည် ချမ်းငြိမ်းကို ဘေးတွင်လာထိုင်စေချင်သည်။ အိပ်ရာတစ်ခုတည်းပေါ် တူတူထိုင်တာ ဒါပထမဆုံးအကြိမ်လည်းမဟုတ်တော့ဘူးပဲဟုတွေးမိသည်။ သို့သော် ချမ်းငြိမ်းနေရာယူ ထားသည်က သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်အနေအထားဖြစ်ခြင်းအတွက် ပိုပြီးသင့်တော်ပါသည်။

Light-Years AwayWhere stories live. Discover now