#LightYearsAway #6
(Note - ခရီးသွားတုန်းကပျက်ကွက်ခဲ့တာအတွက်ရော၊ ခရစ္စမတ်အမှတ်တရပါ နှစ်ပိုင်းဆက်တိုက် တင်လိုက်ပါတယ်။ Hope you enjoy. Merry Christmas)
ကြည်သာတို့ တက္ကသိုလ်မှာဆရာဝန်လောင်းချောချောလေးများရှိသဖြင့် နာမည်ကျော်လှသော်လည်း တခြားမြို့ရှိ အပြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ယောက်နှင့် တွဲလိုက်သောအခါ ကြည်သာတို့စုံတွဲကို အာရုံစိုက်တဲ့လူများလာ၏။ ကျောင်းတွင်းဘလော့ဂ်များတွင် သူတို့အကြောင်းထင်မြင်ချက်များ အပြည့် ဖြစ်နေသည်။ နိုင်ငံတူရာမှလာသူများဖြစ်၍ ကြိုက်သည်မှာမဆန်းကြောင်း ပြောသူများရှိသကဲ့သို့ UPenn မှ ရူပဗေဒကျောင်းသားကို အမြင်ကတ်ကြောင်းပြောသူကလည်းရှိသေးသည်။ ထိုအကြောင်းကို ဝေယံ့ကို ပြောပြတော့ ဝေယံက ရယ်ပါသည်။
"ငါတို့ကျောင်းကနင်တို့ကျောင်းကို ဘောလုံးပွဲမှာ ဂိုးပြတ်နိုင်ခဲ့လို့ မကြေကြတာပေါ့" ဟုပြောတတ်သည်။
ကြည်သာ့အနေဖြင့်တော့ ထိုသို့သောဆွေးနွေးခံရမှုကို စိတ်အနှောင့်အယှက်ဖြစ်ရ၏။ ဝေယံက ရယ်နေ နိုင်၍ ပိုစိတ်တိုရသည်။ ထို့ကြောင့် ကြည်သာ တတ်နိုင်သောအရာကိုသာ လုပ်ရ၏။ ချမ်းငြိမ်းထံ တိုင်ပြော ခြင်းဖြစ်သည်။
"ကိုကို.. ဒီမှာလူတိုင်း ကြိုက်တဲ့လူနဲ့အိပ်နေတာ ဘာပြဿနာမှမဖြစ်ဘဲ ငါရည်းစားထားမှ ဘာလို့အဲ့လို ဖြစ်ကြတာလဲ"
"ကြည်သာက ထူးခြားလို့နေမှာပေါ့"
"နင်ပဲပြောပါ ကိုကိုရယ်။ ငါတော့ စိတ်ဆင်းရဲရလို့ ဘလော့ဂ်တောင်ဝင်မကြည့်ချင်ဘူး"
"ကြည်သာ။ လျစ်လျူရှုထားလိုက်ပါ။ သူတို့ကလည်း မကောင်းတဲ့စိတ်မျိုးနဲ့ ပြောကြတာမဟုတ်ပါဘူး"
"သူတို့စိတ်အပန်းပြေဖို့ ငါက အသုံးတော်ခံရမှာလား။ နင်အဲ့လိုပြောလေ ငါစိတ်တိုလေပဲ"
"မဟုတ်ပါဘူး။ တခြားလူတွေကို အသုံးတော်ခံဖို့ ကြည်သာ ရည်းစားထားတာမှမဟုတ်တာ။ အတွေး လေးကို နည်းနည်းလေးလှည့်တွေးလိုက်နော်"
"မတွေးနိုင်ဘူး။ ငါ အဲဒီဟာတွေ ပါးစပ်ပိတ်သွားအောင် တစ်ခုခုလုပ်ပြမှပဲ"
YOU ARE READING
Light-Years Away
General Fictionချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...