Hello.
အပိုင်းသစ် စောင့်နေကြတာသိပေမဲ့ ဒီနေ့တော့ ရှေ့ဆက်ရမယ့် အပိုင်းတွေမှာ ဖတ်ရင်းနဲ့ ပိုမြင်ယောင် လို့ရအောင် အပ်ထားတဲ့ ပုံလှလှလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီပုံတွေအားလုံးက အခု ဖတ် ပေးနေကြတဲ့ အားလုံးအတွက် ကိုယ့်ရဲ့လက်ဆောင်ဆိုလည်းမမှားပါဘူး။ ကိုကို၊ ဝေယံ နဲ့ ကြည်သာတို့ ကို သဘောကျပေးလို့ တကယ်ကို ကြည်နူးပြီး ကျေးဇူးတင်ရပါတယ်။ အားလုံးရဲ့ comment တစ်ခုစီ တိုင်းကို reply မပြန်ဖြစ်ပေမဲ့ တစ်ခုမကျန် အမြဲဖတ်သူမို့လို့ ဒီကနေ ထပ်ပြီး ကျေးဇူးတင်စကားဆိုပါရ စေနော်။
ဒီပုံတွေအားလုံးကို ဆွဲပေးတဲ့ Artist ကတော့ Artist – Moon You ဖြစ်ပါတယ်။ Beyond Paradisiacal Dawn စာအုပ်ကိုသိတဲ့သူတွေကတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အမြဲတမ်း စေတနာအပြည့်နဲ့ အားထုတ် စိတ်နှစ်ပြီး ဆွဲတတ်တဲ့ Artist အစ်မက Light-Years Away ထဲက ခေါင်းစဉ်နဲ့ နာမည်တွေကိုပါ အကြံဉာဏ်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒီဇာတ်ကောင်တွေကို စတင်တည်ဆောက်ချိန်ကတည်းက သိခဲ့တဲ့သူမို့လို့ အစ်မရဲ့ပုံဖော်မှုက ကိုယ့်စိတ်ကူးထဲကထက်တောင် အများကြီး လှပခဲ့ရပါတယ်။ အသေးစိတ်ကအစ ဂရုစိုက်တတ်တဲ့ Artist နဲ့တွေ့ဆုံခွင့်ရတာလည်း ကံကောင်းခြင်းပါပဲ။
ဒါဆို... အဆင်သင့်ဖြစ်ကြပြီလားရှင်။
စ လိုက်ကြရအောင်နော်။
=================================================================
၁ - ကြည်သာအေးမြ
မမ ကြည်သာအေးမြရဲ့ ဆံပင်အရောင်၊ လည်ဆွဲနဲ့ မျက်လုံးတောက်တောက်တို့ကို ကြည့်ပါဦး။
၂ - ဝေယံခ
တိုင်းရင်းသားကပြား လူချောလေးရဲ့ မျက်ဝန်းတွေ...။
၃ - ချမ်းငြိမ်းအေးဟန်
(မပြခင် အရင်စိတ်လှုပ်ရှားနေလို့ ကယ်ပါဦး)
နဂိုကတည်းက ချမ်းငြိမ်းက တအားချောတဲ့ idol လိုရုပ်မဟုတ်ဘဲ သူလိုကိုယ်လိုပုံစံကိုမှ မျက်ဝန်းနက် တွေနဲ့ အပြုံးတွေက ထူးခြားစေတာဖြစ်ပါတယ်။
သုံးယောက်လုံးရဲ့ Aura ကတော့ တကယ် မိုက်တာနော်။ Artist က တအားတော်တာ။
(ဒါနဲ့ ၃ ယောက်လုံးပုံကြည့်ပြီးပြီဆိုတော့ ဘယ်သူ့ background ကနည်းနည်းလေးထူးခြားနေသလဲ ကြည့်ကြည့်ပါဦး။ ဘာလို့လဲ အဖြေမှန်တဲ့သူရှိရင် အဲဒီပုံတွေကို ပိုလာရွိုက်ထုတ်ပေးမယ် ဟဟ)
ဆိုတော့ အားလုံးပဲ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ်ပါစေ။ မနက်ဖြန်လောက် ပြန်ဆုံပါမယ်နော်။ Artist နဲ့ ကိုယ့်အတွက်လည်း အားပေးစကားလေးတွေပြောသွားပေးပါဦး။ ^^
YOU ARE READING
Light-Years Away
General Fictionချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...