34 - Gamma-Ray Burst

3.7K 407 138
                                    

#LightYearsAway #34

*TRIGGER WARNING - SEXUAL ABUSE*

READ AT YOUR OWN RISK.


34 - GAMMA-RAY BURST

ဝေယံ့ဘေးမှာ ကြည်ကြည်လင်လင် အိပ်စက်အနားယူနေသည့် ချမ်းငြိမ်းကို ငေးကြည့်နေမိသည်မှာ နာရီ ဝက် မျှပင်ရှိတော့မည်။ မနေ့က ချမ်းငြိမ်းဆေးရုံဆင်းသည်ဖြစ်၍ ယနေ့တော့ ဝေယံ အလုပ်ပြန်ဆင်းရပါ တော့မည်။ အတောမသတ်သော ဖိအားများကို ရင်ဆိုင်ရမည်ဖြစ်၍ စိတ်ထဲလေးလံနေသည့်တိုင် ချမ်းငြိမ်း ၏ အသက်ရှူသံမှန်မှန်ကို ကြားသိခွင့်ရသည်နှင့်ပင် ဝေယံ ကံကြမ္မာကို ကျေးဇူးတင်မိသွားသည်။ ဘေး နားမှာ ကိုယ်ချစ်ရသည့် လူသားကိုထားရှိခွင့်ရသည်က ကောင်းချီးတစ်ခုပင်မဟုတ်လား။ ဝေယံ ငေး ကြည့်နေရင်းဖြင့် ချစ်မြတ်နိုးမှုတို့ ယိုဖိတ်လာသဖြင့် ချမ်းငြိမ်း မျက်ခွံလေးများပေါ် အနမ်းဖွဖွပေးမိပြန် သည်။ သာမန်မဟုတ်သော ပူနွေးမှုတစ်ခုခံစားလိုက်ရသဖြင့် ဝေယံ စိုးရိမ်တကြီး လက်ဖြင့် စမ်းကြည့်ရ ၏။ ချမ်းငြိမ်း အဖျားငွေ့ငွေ့ရှိနေသည်ပဲ။ ဝေယံ လက်နှင့်အထိအတွေ့ကြောင့် ချမ်းငြိမ်း မျက်ဝန်းများဖွင့် ဟ လာသည်။ မျက်ဝန်းနက်များက အားတင်းပြုံးနေသည့်တိုင် နွမ်းနေသည်ကိုတွေ့တော့ ဝေယံ ရင်တွေ ပူလာပြန်၏။

"မင်းအဖျားရှိနေတယ် ချမ်းငြိမ်း"

"ဒီလိုပဲ နည်းနည်းပါးပါး ကိုယ်ပူရှိန်တက်တာမျိုးနေမှာပါ။ အရမ်းကြီး စိတ်မပူနေပါနဲ့ဦး ကိုယ့်ဝေယံရာ။ ကိုယ် နေကောင်းပါတယ်"

ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်းက လှဲနေရာမှ ထ တော့ဝေယံ အတင်း ပြန်လှဲအိပ်ခိုင်းလိုက်ရသည်။

"မနက်စာတစ်ခုခုပြင်လိုက်မယ်။ စားပြီးရင် ဆေးသောက်နော်။ ပြီးရင် Mama တို့အိမ်မှာသွားနေမလား။ မင်းတစ်ယောက်တည်းနေလို့မရဘူးလေကွာ"

ချမ်းငြိမ်းက လှဲနေရာမှနေ၍ ပြုံးသည်။ ချမ်းငြိမ်းအပြုံးတွေကို ဝေယံ ရင်ဆိုင်ကြုံတွေ့ဖူးပါသော်လည်း ယခု အပြုံးကိုတော့ အဓိပ္ပာယ်မဖော်တတ်ခဲ့ပါ။ ထိုသို့သော အဖြေရှာမရချိန်တိုင်း ဝေယံ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ရသည်ကို ချမ်းငြိမ်းသိပါရဲ့လား။

Light-Years AwayOnde histórias criam vida. Descubra agora