#LightYearsAway #9
*Trigger Warning - ပြင်းထန်သော စိတ်ဆုံးဖြတ်မှုများနှင့် အနာတရဖြစ်စေမှုများအား ပြောပြထားသည့် အပိုင်းဖြစ်၍ စာဖတ်သူတချို့အတွက် သင့်လျော်မည်မဟုတ်ပါ။ READ AT YOUR OWN RISK*
t/w – Fire, Suicide
ဤရက်ပိုင်းတွေ ကြည်သာ ဘာပဲလုပ်လုပ် စိတ်မပါသကဲ့သို့ဖြစ်နေရသည်။ အာရုံထဲတွင်လည်း ကြည်သာ သိပင်မသိသည့် Susan ၏ အမြွှာညီမက မီးတောက်ထဲမှာလူးလွန့်နေပုံကိုသာ မြင်ယောင်နေမိ၏။ မသိတဲ့ လူပဲဖြစ်ပါစေဦး၊ Susan ၏ အမြွှာဆိုလျှင် Susan နှင့်မျက်နှာချင်းဆင်တူမည်မဟုတ်လား။ မီးတောက်ထဲ မှ Susan.. ထိုအတွေးသည် ကြည်သာ့ကို ထိတ်လန့်စေသည်။
ကြည်သာ အိပ်မရစွာဖြင့် Recorder ကိုစမ်းမိတော့ ရှာ၍မမိ။ ပိုစိတ်ရှုပ်သွားပြီး တစ်ခန်းလုံးအနှံ့လိုက်ရှာ သော်လည်း မရှိနေ။ ကြည်သာ့နှုတ်မှ ဆဲသံတစ်ခုထွက်လာမိသည်။ ချမ်းငြိမ်းအသံမရှိလျှင် ကြည်သာ ဘယ်လိုမှစိတ်ငြိမ်မည်မဟုတ်ပါ။
ထို့ကြောင့် ချမ်းငြိမ်းကို စာပို့ပြီး ဖုန်းပြောချင်ကြောင်း ပြောထားလိုက်၏။ ရန်ကုန်တွင် ညမိုးချုပ်လောက် ဖြစ်မည်ထင်သည်။ သို့သော် ချမ်းငြိမ်းရှိနေပါသည်လေ။
"ကြည်သာ.. စိတ်မရွှင်ဘူးလား"
ချမ်းငြိမ်းနှင့် စကားပြောရသည်ကို ကြည်သာ ကြိုက်သည်လည်းမပြောနှင့်။ ဖုန်းကိုင်၍ မျက်နှာမြင် သို့မဟုတ် အသံကြားကတည်းက ချမ်းငြိမ်းသည် နှုတ်ခွန်းဆက်စကားထက် ကြည်သာ့စိတ်အခြေအနေ ကို မေးမြန်းတတ်သူပင်။
"ကိုကို့ဖိုင်တွေထည့်ထားတဲ့ Recorder ပျောက်သွားတယ်။ စိတ်ရှုပ်တယ်"
"ဟုတ်လား။ ကိစ္စမရှိဘူးလေ။ ကိုယ် ပြန်ပို့ပေးမှာပေါ့ ကြည်သာ။ အဲဒါအတွက်နဲ့ စိတ်ရှုပ်မခံနဲ့နော်"
"ကိုကိုရယ်.. ငါ့မှာ ဖိုင်တွေတော့ရှိတာပေါ့။ ကွန်ပျူတာထဲမှာ သေချာသိမ်းထားပါတယ်။ ဒါပေမဲ့ အလွယ် နားထောင်ဖို့ ယူသွားနေကြ recorder မရှိတော့ တစ်ခုခုလိုနေတာ။ အသစ်ဝယ်ရဦးမယ်။ ပြန်ထည့်ရဦးမှာ နဲ့။ ဟူး.. ငါလည်း တော်တော်ကို နမော်နမဲ့နိုင်လာတယ်"
ESTÁS LEYENDO
Light-Years Away
Ficción Generalချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...