#LightYearsAway #14
တစ်စုံတစ်ခုလွဲမှားနေပြီဟူသော ခံစားချက်သည် ကောင်းသောကိစ္စများအတွက်သာဖြစ်သင့်ပါသည်။ ရင်ထဲ တလှပ်လှပ်ခံစားနေရသော မသိစိတ်က ကောင်းသောကိစ္စအတွက်ဖြစ်လိမ့်မည်ဟု ကြည်သာ မယုံ ပါ။ အထူးသဖြင့် ချမ်းငြိမ်းနှင့်ပတ်သက်သည်ဆိုလျှင် ကြည်သာ တွေးရုံနှင့် စိတ်မောရပြီ။ ကော်ဖီသောက် နေသော ချမ်းငြိမ်းကို မသိမသာလေး ငဲ့စောင်းကြည့်မိ၏။ Harvard မှပြန်လာပြီးကတည်းက ချမ်းငြိမ်း တစ်စုံတစ်ရာ ပြောင်းလဲနေသည်ကို ကြည်သာသတိထားမိသည်။
"ဘာဖြစ်လို့လဲ ကြည်သာ"
ကြည်သာနှင့် ချမ်းငြိမ်း၏ ကွာခြားချက်က ချမ်းငြိမ်းသည် ကြည်သာ့ကိုကြည့်မနေသည့်အချိန်မှာပင် ကြည်သာ ဘာဖြစ်နေမှန်းသိသည့်အချက်ပင်။ ကောင်းပြီလေ။ ကြည်သာကလည်း သိပ်ပြီး ထိန်းချုပ်ချင် သူမဟုတ်ပါ။ မေးမှဖြစ်မည်။ မေးမှရမည်။ ဤအစိုင်အခဲကို ဖြေရှင်းပစ်ရမည်ပဲ။ ချမ်းငြိမ်းအနားသို့ ထ သွားလိုက်မိသည်။
"ကိုကို.. ဒီရက်ထဲ တစ်ခုခုဖြစ်သလား"
ချမ်းငြိမ်းက ကြည်သာ့မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်နေ၏။ မကြိုက်။ ထိုမျက်ဝန်းနက်များက ကြည်သာ့အတွက်မဟုတ်တော့သလို ခံစားနေရ၍ သဘောမကျပါ။ ကြည်သာ စိတ်ထဲပူလောင်လာသည်။
"ကိုယ်ဘာဖြစ်နေတယ်လို့ ကြည်သာ ထင်လဲ"
"ငါမသိဘူး ချမ်းငြိမ်း။ နင်က နင်မဟုတ်တော့သလိုမျိုးပဲ။ နင့်ကိုယ်ကို နင်မဟုတ်တဲ့ တစ်စုံတစ်ရာက ပူးကပ်နေသလိုမျိုး..။ နင့်ကိုကြည့်နေရင်းတောင် နင့်ကိုမမြင်ရတော့ဘူး"
ချမ်းငြိမ်းက ကော်ဖီခွက်ကို တစ်ချက်ငုံ့ကြည့်နေ၏။ ပြီးတော့မှ မတ်တပ်ထရပ်ပြီး အခန်းထဲရှိ အံဆွဲထဲမှ တစ်စုံတစ်ရာကိုသွားထုတ်လာသည်။
"ကြည်သာ"
ချမ်းငြိမ်းက အနားကပ်လာပြီးနောက် ကြည်သာ့ခြေထောက်များရှေ့တွင် ထိုင်ချလိုက်သည်ကို နားမလည် နိုင်စွာပဲ ငေးကြည့်နေမိ၏။ ထို့ပြင် စိတ်ထဲတွင်လည်း တစ်စုံတစ်ရာသေချာလာပြီ။
YOU ARE READING
Light-Years Away
General Fictionချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...