Part-(1)

437 13 0
                                        

(Unicode)

"ဒါကခွန်းရိပ်မြူ သား....ဖေဖေ့မွေးစားသား...."

အသက်၂၀စွန်းစွန်းအမျိုးသားဟာ သူ့ရှေ့တွင် တည်ငြိမ်စွာထိုင်နေသည်။တည်ငြိမ်သည်ထက် အေးစက်သည်ဆိုပိုမှန်မည်။အချိုးကျသောမျက်နှာထားဟာ ယောကျ်ားဆန်သောအလှထပ် မိန်းမဆန်စွာလှသည်။နှာတံခပ်လုံးလုံး သွယ်သွယ်ထိပ်တွင် မဲ့သေးသေးကလေးရှိသေး​၏။ဖြူဥသောအသားအရေဟာညီညာပြီး ခပ်ညိုညိုအသားရေနှင့်ဖေဖေ့သားဟုပြောလျှင်ယုံမည့်သူရှိမည်မဟုတ်ချေ။

ဖေဖေနဲ့မေမေ ပြေပြေလည်လည်ဘဲ ရှေ့ဆက်ဖ်ို့မဖြစ်လို့ လမ်းခွဲတာကိုလက်ခံနိုင်သလို သားတစ်ယောက်မွေးစားလိုက်သည်ကိုလဲ ကြည်ကြည်ဖြူဖြူလက်ခံနိုင်ပေမယ့် ထိုသူကိုတော့တွေ့တွေ့ခြင်းဘဲသဘောမကျနိုင်ပါ။

စိတ်ထဲထင့်နေသည်။စိန်ခေါ်မှုတစ်ခုကိုခံစားမိနေသည်။

"သားထပ်၁နှစ်ကြီးတယ် ဆောလေး....ပြီးတော့ ဒါက ဖေ့ဖေ့သားအရင်း ဆောကုဋေရန်လေ....ဖေဖေပြောနေကြပါ"

ဆောကုဋေရန်သည် ထိုလူထပ်အနည်းငယ်အရပ်ရှည်မည်။အသားလဲအနည်းငယ်ပိုညိုသည်။စူးရှရှမျက်ဝန်းနှင့် အသွင်အပြင်နှင့်မတူအောင်ကလေးဆန်နိုင်သူလဲဖြစ်သည်။ချွန်ထက်သောနှာတံဟာ ထင်းလို့ ရှည်လျားထင်ပေါ်သော မေးရိုးများနှင့်သိပ်ကိုလိုက်ဖက်ပါသည်။

"နာမည်ကအလန်းနော် ဖေဖေပေးထားတာလား"

သူ့ကိုကြည့်ပြီးမေးပေမယ့် သူကမဖြေတော့ ဘေးကဖေဖေကထဖြေသည်။

"မဟုတ်ပါဘူးသားငယ်....အရင်မိဘတွေကပေးထားတာပါ..."

"အော်...."

အရှေ့ကအအေးကိုသောက်လိုက်ရင်း ဆောကုဋေရန်စကားပြန်မစတက်ဖြစ်နေသည်။ထိုအခါမှ ဖေဖေကအားနာပြီး စကားပြန်ဆက်ရ​၏။

"မေမေရော သားငယ်...."

"အလုပ်မှာအစည်းအဝေးရှိလို့မလိုက်လာတာ ဖေဖေ.....လိုက်မပို့ခိုင်းတော့တာ သားလဲ သူငယ်ချင်းတွေနဲ့ကားသွားမောင်းဖို့ဖေဖေ...."

"အော် အေး ကောင်းပါတယ်သား....မင်းမေမေ့အလုပ်ကိုဝင်မယ်လို့ဆုံးဖြတ်ပြီးရင်တော့ ဖေ့ဖေ့ကိုပြောဦးနော်သား...."

Mg's Obsession Where stories live. Discover now