(Unicode)
"လက်ဖြန့်....."
"မသောက်ဖူး.....ငါ့ကိုအားကုန်အောင်မင်းမလုပ်ပါနဲ့လား....."
"မူမနေနဲ့ သောက်.....ရော့ဒီမှာရေ...."
"ငါမင်းကိုမုန်းတာအဲ့ဒါဘဲ...." ထိုစကားကိုဆိုပြီး ဆေးသောက်ကာ ကုတင်အစွန်းတွင် ကွေးကွေးကလေးထိုင်နေပါသည်။
ထိုအခါ ဆောက ခွန်းရိပ်မျက်နှာပေါ်မှ maskကို သူကိုယ်တိုင်လာချွတ်လိုက်သည်။နေမကောင်းတော့ မျက်နှာဟာဖြူဖျော့နေပေမယ့် နှုတ်ခမ်းသားကတော့ အနည်းငယ်တင်းပြီးရဲနေသည်။ဒါဘဲပေါ့ ညက အနမ်းရဲ့သက်သေဆိုတာ......။
"မင်းလူလိုစကားနဲ့ပြောပါလား...."
"အမြင်မတော်လို့ ချွတ်လိုက်တာ....."
"ဝေးဝေးသွားနေစမ်းပါ....အဖျားကူးမှ မင်းသေနေလို့ ငါဖေဖေနဲ့ကွိုင်တက်နေမယ်....."
ဆော မှန်သားပြတင်းပေါက်ကြီးရှိ လိုက်ကာ များကိုဆွဲပိတ်လိုက်ပါသည်။ထိုအခါ ခွန်းရိပ် အားမရှိသည့်ကြားမှလှမ်းကြည့်ကာ ချွေးပြန်လာရပြန်သည်။တွန့်ဆုတ်လာရသည်။
"လှဲလိုက်....."
"ဆောကုဋေရန်....."
"ဆေးသောက်ပြီးအိပ်ဖို့ ပြောနေတာခင်ဗျားကို....."
"ငါ့အခန်းငါပြန်မှာ...."
"ခေါင်းမာမနေဘဲ ခဏအိပ်လိုက်စမ်းပါ ခင်ဗျားရာ....hotelတစ်ခုတည်းကို ကျုပ်အခန်းနဲ့ ခင်ဗျားအခန်းဘာကွာမှာလဲ....."
"မင်းငါ့ကို ဦးနန္ဒလက်ထဲလဲအရောက်ပို့ပြီးပြီ.....ရေလဲနစ်ပြီးပြီ....နောက်ဘာလုပ်ဖို့များထပ်ပြီး ကြံစည်နေတာလဲ...."
ဆောမှာ ထိုမေးခွန်းအတွက်အဖြေမရှိခဲ့ပါ။လိုက်ကာတို့အနီးတွင်ရပ်လျက် သူ့ကြောင့်ဘဲ အဆုံးသတ်မှာ စိတ်ရောလူပါထိခိုက်ရသော ခွန်းရိပ်ကိုငေးကြည့်ရင်း သူ့အပေါ်သူအပြစ်တင်စိတ်လဲမသေးခဲ့ရ။
"မင်းစိတ်တကယ်မပါရင် ကျေးဇူးပြုပြီး ငါ့ကိုအခုလိုလဲလုပ်မနေပါနဲ့လား....."
"အိပ်တော့လို့ ခင်ဗျား....."
ဆောကိုလှမ်းကြည့်ကာ စိတ်ပျက်နေသော မျက်နှာထားဖြင့် ခွန်းရိပ်မတ်တပ်ရပ်လိုက်သည်။
