(Unicode)
အိပ်မပျော်သည်မို့hotelရေကူးကန်ရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာဘဲ ထွက်ထိုင်ရင်း ရေကန်ကိုသာ ငေးမောနေမိသည်။တနေကုန် မအေးပေမယ့် ညဘက်တော့ လေညှင်းအေးအေးလေးဟာ ထွေးပွေ့လို့ထားရှာသည်။shirtအဖြူပွပွနှင့် ဒူးလောက်သာရှိသောဘောင်းဘီတိုဟာ အနွေးဓာတ်နဲနဲမှမပေးတော့ပါ။
ဒါပေမယ့် ခေါင်းမာမာဘဲဆက်ထိုင်နေမိသည်။အခန်းထဲနေရသည်မှာ မွန်းကြပ်စရာကောင်းသည်လေ။
ဆော အထဲမှဖြတ်သွားစဉ် ရေကူးကန်အနီးတွင်ထိုင်နေသော ခွန်းရိပ်ကိုမြင်၍သူလဲထွက်လာခဲ့ပါသည်။အတွေးလွန်၍ဘေးဘက်ကိုပင်သတိမထားမိသော ခွန်းရိပ်ဘေးက ခုံတွင်ဝင်ထိုင်နေလိုက်သည်။
မကြာဘူး ခွန်းရိပ်လူအရိပ်မြင်၍လှည့်ကြည့်တော့ ဆောဖြစ်နေတာကြောင့်ထရပ်ကာ အထဲဝင်ဖို့ကြိုးစားလိုက်ရ၏။
"နေပါဦး ခွန်းရိပ်မြူ....."
"ငါမင်းနဲ့ ဘာမှပြောစရာမရှိဘူး...."
"ဒါပေမယ့် ကျုပ်ကတော့ရှိတယ်...."
ရှေ့မှာ ဝင်ရပ်လို့ ကာစည်းလိုက်ပါသည်။တိတ်ဆိတ်နေသော ထိုနေရာတွင် ပင်လယ်လှိုင်းသံသဲ့သဲ့ကလေးဟာ တေးသွားဖြစ်ပြီး ရေကူးကန်ထဲမှ မီးအလင်းကြောင့် ထိုနေရာဟာ ရေအရိပ်များထင်ဟပ်နေပါသည်။
"ကျုပ် ကောင်းနဲ့ ခင်ဗျားပက်သက်မှုကိုသိချင်တယ်...."
"ငါ့မှာမင်းရဲ့မေးခွန်းအတွက်အဖြေမရှိဘူး....."
"ဒါဆို ဖေဖေကတော့ တစိတ်တပိုင်းသိထားမှာဘဲ....."
"မင်းမှာ ငါ့ဘဝထဲဝင်နှောင့်ယှက်နေတာကလွဲလို့ တခြားအလုပ်မရှိတာလား....."
"မဟုတ်ဖူး ခွန်းရိပ်မြူ....ခင်ဗျားကို မုန်းလို့ ခြေတစ်လှမ်းတောင်လှမ်းဖို့ အစီအစဉ်မရှိဘူး.....ဒါပေမယ့် ခင်ဗျားကြောင့် ကျုပ်သူငယ်ချင်းပြောင်းလဲသွားတယ်....ဒါကို ခင်ဗျားအသိဆုံးဘဲ ခွန်းရိပ်မြူ....."
"လူမှုရေးတို့ စည်းတို့ဆိုတာ လိုတာထက်မပိုရတာ မင်းကို ဘယ်သူမှမသင်ပေးခဲ့ဘူးလား...."
မိသားစုအခြေအနေကိုနင်းပြီး ပြောသွားသော စကားဖြစ်သည်။ဆော ဒေါသဟာ အားနည်းချက်ကို ထိရင် ၂ဆထွက်နိုင်တာကို မသိသည့်အတိုင်း ရဲတင်းစွာဘဲ ခွန်းရိပ်ပြောလိုက်သည်။ဆော အနီးဆုံးသို့လျှောက်လာပါသည်။မျက်ခမ်းစပ်တို့နီရဲကာ အကြည့်တော့ အရိုင်းဆန်နေ၏။
DU LIEST GERADE
Mg's Obsession
RomantikIf you are not supporting LGBT, I recommend you to not read it.