Part-(15)

54 4 0
                                        

(Unicode)

မျက်နှာပေါ်နေရောင်ဖြာကျကာမှ နိုးထလာသည်။ခေါင်းတစ်ခုလုံး ထိုးကိုက်နေပြီ မျက်လုံးပင်ဖွင့်မရအောင် အတော်လေးမူးနောက်နေပါသည်။အနားတွင် ဘယ်သူမှမရှိသလို အခန်းထဲမှာလဲတစ်စုံတစ်ယောက်မှရှိမနေခဲ့။

အားယူ ထထိုက်လိုက်ပြီး မျက်နှာကိုပွတ်သပ်လိုက်ပါသည်။မျက်လုံးဟာ တင်းနေသည်မို့ ညက သောက်ရင်း တစ်စုံတစ်ခုတော့ ငယ်ကျိုးငယ်နာဖော်မိပြီဆိုတာ ဆောတက်အက်တွေးမိသည်။

ဝေးဝါးနေသော အတွေးများကြား မည်သည်ကိုမှမမှတ်မိနိုင်။တစ်စုံတစ်ယောက်ကိုမရှင်းမလင်းမြင်ယောင်မိပေမယ့် မှတ်ဉာဏ်တွေဟာရောထွေးပြီး ဇန်တို့နဲ့ထိုင်သောက်သည့်အချိန်ကိုသာပြန်ရောက်သွားပါသည်။

ရရာ အင်္ကျီကောက်ဆွဲပြီး ရေချိုးခန်းထဲထထွက်သွားခဲ့ပါသည်။အတော်ကြာ ရေချိုးပြီးနောက်မှ အနည်းငယ်ခေါင်းကြည်လာသလိုရှိသည်။ဝတ်ထားသော အင်္ကျီကို မှန်ထဲပြန်ကြည့်မိ၍မနေ့က ခွန်းရိပ်ကိုပေးဝတ်သော အင်္ကျီမှန်းသတိရသွားကာ ဘယ်လိုလုပ်အခန်းထဲပြန်ရောက်လာသလဲအတော်လေးတွေးလိုက်ရသည်။

ထိုအခါလဲ ဝေဝေဝါးဝါး မျက်ဉာဏ်တွေသာပေါ်လာပြန်ပါသည်။သို့သော် ဆော ခွန်းရိပ်အခန်းဆီလာသွားမှန်းတော့ အသေအချာယုံကြည်လိုက်နိုင်သည်။

ထိုအခါ တံခါးလာခေါက်သည့်အသံကြောင့် ဆောအပြင်ထွက်လာခဲ့ပါသည်။ထင်ထားသည့်အတ်ိုင်း ဇော်ဇော်တို့ဖြစ်သည်။

"morning ဟျောင့်ရေ.....ညက မင်းကြောင့်ငါတို့ရူးမလိုဘဲ...."

"အေးကွာ....ဇန်နဲ့ငါ မင်းကိုဒီအထိသယ်လာရတာ...."

"မင်းတို့က ဘာလို့ အရက်ပေးသောက်လဲ...."

"တားလို့ရတာကျလို့ ဒီကောင် သူများကို အပြစ်ဖို့တော့မယ်....."

ဇန်တို့နဲ့အတူ အောက်ထပ်သို့ဆင်းလိုက်လာခဲ့ပါသည်။မနက်စာစားဖို့်ရယ်တော့မဟုတ် နေ့လည်စာစားချိန်ရောက်နေပြီမို့ ပေါင်းစားရမည့်အနေအထားဖြစ်သည်။

"ညက မင်းတို့ သွားပြီး အခန်းထဲတစ်ယောက်ယောက်လာသေးလား...."

"ငါတို့ သွားပြီ ဆိုကတည်းကသိတော့မလား....ဇန်ရေ အဲ့ကောင်က အရက်သောက်ပြီးတိုင်းနဲနဲချောင်သွားသည်...."

Mg's Obsession Tahanan ng mga kuwento. Tumuklas ngayon