(Unicode)
ရက်အတော်ကြာသွားပြီဖြစ်သည် ဆောကုဋေရန် ဆိုင်ကိုလဲမလာပါ။အိမ်ကိုလဲရောက်မလာခဲ့ပါ။ဖေဖေနဲ့ကောင်းကတော့ သူငယ်ချင်းတွေနဲ့ခရီးသွားသည်ဟုဆိုသည်။အခုထိဟိုတစ်ခါက အိတ်ကိစ္စကိုမရှင်းရသေးသည်မို့လို့သိပ်တော့မကျေနပ်နိုင်သေးပါ။
"ဆောတော့ကွာ....သတင်းမကြားဘာမကြားပျောက်နေတာပေါ်မလာတော့ဘူး...."
"ခရီးကပြန်မရောက်သေးတာနေမှာပေါ့ဖေဖေ...."
"ဘယ်ကသာ အဲ့ကောင်လေးက ကောင်းမပါရင် အဲ့လောက်အကြာကြီးမသွားဖြစ်ပါဘူး...."
အလုပ်မှဖုန်းဆက်လာသော ဖေဖေဟာ ဆောကိုမတွေ့တာကြာပြီမို့လို့ သတိရသည်နှင့် ငြီးနေပါသည်။ပုံမှန်ဆို ပြသာနာမရှာရမနေနိုင်သူက အခုလိုပျောက်ခြင်းမလှပျောက်နေတော့ ခွန်းရိပ်လဲသိချင်မိပါသည်။
ခရီးသွားလျှင် ၅မိနစ်ခြားတစ်ခါပုံတင်သောသူက Instagram မှာ Facebookမှာရော ငြိမ်တော့ တွေးချင်စရာလဲဖြစ်လာသည်။
ခွန်းရိပ်ကတော့ နားရက်မို့လို့ ခြံထဲက ဒန်းမှာထွက်ထိုင်ပြီး စာအုပ်ဖတ်ရင်းအနားယူနေပါသည်။မကြာဘူး ခြံတံခါးခေါက်သံပျင်းပျင်းမှာ အတော်လေး အနှောင့်အယှက်ဖြစ်သွားရသည်။ညနေခင်းကြီး ဒီလိုလာရမ်းကားတာ ဆောဘဲလားဟုတွေးမိလိုက်ပါသေးသည်။
ခွန်းရိပ် ခြံတံခါးထဖွင့်လိုက်ပါသည်။ထိုအခါ မြင်လိုက်ရသောသူကြောင့် ခွန်းရိပ်မျက်နှာပျက်သွားရသည်။
ထင်မထားပါ။ဒီအထိလိုက်လာမယ်လို့ ထင်မထားပါ။ဒီအတောအတွင်း ဒီကိစ္စကိုအပြီးသတ်ပြီထင်ခဲ့တာ သူထပ်ပေါ်လာပါသေးသည်။
"ခင်ဗျား ဒီကို ဘယ်လို-"
ခြံတံခါးကိုတွန်းဖွင့်ပြီး ဝင်လာပါသည်။အရက်နံ့က တထောင်းထောင်းထလို့ အဲ့သည်လူဖြစ်ပျက်နေပုံကိုမြင်၍ ခွန်းရိပ်သိပ်စိတ်ညစ်မိပါသည်။
"ဟိုနေ့က ကောင်ရော...."
ဆောကုဋေရန်ကိုမကျေနပ်ခြင်းဖြစ်မည်။ဒါဆို ခွန်းရိပ်သိပေမယ့်မဖြေပါ။
"ငါမေးနေတယ်လေ အဲ့အရိုင်းအစိုင်းကောင်ရောလို့...."
"မသိဘူး ခင်ဗျားလာဖို့မထိုက်တန်တဲ့နေရာနော်ဒါက အခုချက်ချင်း ပြန်....."
YOU ARE READING
Mg's Obsession
RomanceIf you are not supporting LGBT, I recommend you to not read it.