Part-(10)

45 2 0
                                        

(Unicode)

ညနေစောင်း မိုးဟာ ရုတ်တရက်ဘဲ ရွာသွန်းလာသည်။ခွန်းရိပ်အိမ်မပြန်ရသေးပါ။အလုပ်ခန်းထဲရှိပြတင်းပေါက်မှ မိုးသားတွေနှင့် ပြတင်းပေါက်တွင်စီးဆင်းနေသော မိုးစက်တို့အားငေးမောနေမိသည်။

မိုးသည်းထဲကားမောင်း၍အိမ်မပြန်ချင်ပါ။ထိုကြောင့် မိုးတိတ်သည်ကို စောင့်ရင်း အချိန်တွေဖြုန်းမိသည်။မိုးဟာလဲအလျော့မပေး သည်းသထပ်သည်းလို့လာပါသည်။ဆောင်းတွင်းမှဟုတ်ရဲ့လားဟုပင် တွေးရလောက်သည်အထိဖြစ်လာပါသည်။

စိတ်လျော့ပြီး အပြင်ထွက်လာခဲ့သည်။ကားပါကင်ဆီပြေးသွားလို့ရပေမယ့် ခဏရပ်ပြီး မျက်နှာပေါ်ကျရောက်လာသော ရေမှုန်လေးတွေရဲ့အထိအတွေ့ကို ခံစားနေမိသည်။

ခဏအကြာ မျက်လုံးစုံမှိတ်ထားပါလျက် ဘေးမှာလာရပ်သော သူအငွေ့အသက်ကြောင့် လှည့်ကြည့်မိတော့ ထိုသူဟာကောင်းဖြစ်သည်။

"မိုးကသည်းဦးမှာ ကိုခွန်းရိပ်...."

"တစ်ခါတစ်ရံမှရွာတာ သည်းချင်သလောက်သည်းပါစေ....."

မိုးတွေကိုငေးမောနေသော ခွန်းရိပ်သည် ကောင်းအမြင်မှာတော့ မိုးတွေထက်သဘာဝကျစွာ လှသည်။အမျိုးသားတစ်ယောက်အလှမှာ အခုလို ကောင်း ရစ်မူးမနေသင့်ပေမယ့် ဟိုးအစကတည်းက နှလုံးသားဟာ ထိုအလှတရားတွေကိုသိမ်းစည်းလိုက်ပြီဖြစ်သည်။

"ခွန်းရိပ်....."

ထိုခေါ်သံသည် တိုးညှင်းလွန်းပေမယ့် မိုးသံတွေကြား ခွန်းရိပ်မြူကတော့ ကောင်းကောင်းကြားနိုင်သည်။ဒုတိယအကြိမ်လှည့်ကြည့်တော့ မျက်ဝန်းတွေစုံစိုက်ပြီးသားဖြစ်သွားသည်။ကောင်းမှာ ဆောလိုဘဲ လူငယ်ပီသသောအရိပ်အယောင်များရှိသည်။သို့ပေမယ့် မျက်ဝန်းတွေနှင့်ရိုးရှင်းသော မျက်နှာထားဟာ အမြဲလိုလို ကြင်နာမှုတွေပြည့်နေသည်။တဆုံးပြောမည်ဆို ကောင်းဟာပြီးပြည့်စုံသောအမျိုးသားဖြစ်ပါသည်။

"ကျွန်တော့်အတွေးတွေနဲ့မှတ်ဉာဏ်တွေကို မိုးကဘဲ ဆေးကြောပေးလိုက်ရင်သိပ်ကောင်းမယ်...."

ထိုစကားနောက်တွင် သက်ပြင်းဟာ ကပ်ပါလာပြီး တခဏတိတ်ဆိတ်သွားပြန်သည်။ဒါပေမယ့် ခွန်းရိပ်နားထောင်ရုံသာနားထောင်ခဲ့သည်။

Mg's Obsession Tempat cerita menjadi hidup. Temukan sekarang