(Unicode)
"ကောင်းဦးထည်ပါဗျ အခုမှအလုပ်စဝင်တာမို့လို့ လိုတာရှိရင်ထောက်ပြပေးကြပါ...."
"ကြိုဆိုပါတယ် ကောင်းဦးထည်...."
waiterများရော main chefတို့ရောနှင့်မိတ်ဆက်ပေးကာ ဦးဂုဏ် အမှာစကားပြောပါသည်။အမှန်အတိုင်းပြောရလျှင် ကောင်းဦးထည်စိတ်လှုပ်ရှားနေပါသည်။ကျောင်းပြီးကတည်းက chefဖြစ်ချင်လွန်းလို့ သင်ယူခဲ့ပေမယ့် လက်တွေ့အလုပ်ဆင်းရချိန်တွင် ဓားပင်မကိုင်နိုင်တော့မှာသူစိတ်ပူလွန်နေပါသည်။
"သားရေ....အန်ကယ်စိတ်ချမယ်နော်....အတော်လေးလဲစောသေးတယ်ဆိုတော့ မင်းအစမ်းချက်ကြည့်လိုက်ပါ....၉နာရီခွဲလောက်ဆို သားရိပ်လာပါလိမ့်မယ် သူ့ကိုဘဲမြည်းခိုင်းလိုက်နော်...."
"ဟုတ်ကဲ့....လိုတာရှိရင်လဲ အချိန်မရွေးသွန်သင်ဆုံးမပါဦးအန်ကယ်...."
"ကောင်းပြီ ကောင်းပြီ...."
တခြားသူတွေအလုပ်ဆင်းချိန်အတွင်ပြင်ဆင်ကြချိန် ကောင်းဘာချက်ရမလဲ အတော်ကြာစဉ်းစားသည်။နိုင်ငံမျိုးစုံကအစားဆွေချက်ဖူးသူက အခုကျတော့ ကြက်ဥကြော်ဖို့ကြီးစဉ်းစားနေမိပါသည်။
သေစမ်း ကောင်းဦးထည်ရာ....အခုမှစိတ်တွေလှုပ်ရှားနေတယ်....ရှည်ရှည်ဝေးဝေးမတွေးဘဲ ဟိုကောင်ဒုက္ခပတ်သွားတဲ့ ကြက်ပင်စိမ်းဘဲချကွာ....။
လျင်လျင်မြန်မြန်ဘဲ ဟင်းပွဲကို စိတ်နှစ်ဟာပြင်ဆင်လိုက်ပါသည်။သပ်ရပ်သော ပန်းကန်ထဲသို့ပြောင်းထည့်ကာ နံနံပင်ထည့်ရင်ကောင်းမလားမထည့်ရင်ကောင်းမလားစဉ်းစားရင်းတိုင်ပတ်ပြန်ပါသည်။မြည်းမည့်သူ နံနံပင်မကြိုက်လျှင် အလုပ်ဝင်တဲ့နေ့ဘဲပြုတ်သွားဦးမည်။နဂိုထဲက ဆောသူငယ်ချင်းဖြစ်ရုံနှင့်အပြစ်ကရှိနေပြီဟုဆိုနိုင်ပါသည်။
"အကိုခွန်းရိပ်လာပြီလားဗျ...."
အပြင်က ထိုအသံကြောင့် နံနံပင်မထည့်တော့ဘဲ ဟင်းပွဲကိုကိုသာသေသေသပ်သပ်ကလေးချထားလိုက်ပါသည်။မကြာဘူး ခွန်းရိပ်မြူနောက်ဖေးသို့ဝင်လာသည်။ကောင်း ဝင်လာသည့်သူကိုမကြည့်ရဲပါ။ဟင်းပွဲအပေါ်ယုံကြည်မှုလဲပျောက်သွားပါသည်။

VOUS LISEZ
Mg's Obsession
Roman d'amourIf you are not supporting LGBT, I recommend you to not read it.