Part-(2)

64 4 0
                                    

(Unicode)

"ဘာ! ဖေဖေ မူးလဲလို့! ဟုတ်လား...."

ဖုန်းရရခြင်း ဆော ဆေးရုံသို့အပြေးလာခဲ့သည်။ညသန်းခေါင်ယံမို့ ရှင်းလင်းသော ကားလမ်းမဟာ သူ့ကို မျက်နှာသာပေးထားသည်ဘဲဆိုရမည်။ရှင်းလင်းသော လမ်းမထပ် သူဟာ အရှိန်ပြင်းပြင်းနဲ့ ကားကို လေယာဉ်အလားမောင်းနှင်လာပါ​၏။

ဆေးရုံသို့ရောက်ရှိလာတော့ ၂နာရီကျော်ဖြစ်မည်။အခန်းဝတွင် ခွန်းရိပ်မြူရပ်နေပါသည်။အေးဆေးစွာရပ်နေသည့်သူကို ပူလောင်သော အကြည့်တစ်ချက်သာ မျှခဲ့ကာ အခန်းတံခါးကို အားပါပါဖွင့်ပြီးဝင်လာခဲ့သည်။

ခွန်းရိပ်လိုက်မဝင်ခဲ့ပါ။အပြင်က ခုံတွင်သာထိုင်၍စောင့်နေခဲ့သည်။

"ဖေဖေ....ဘယ်လိုတောင်ဖြစ်ရတာလဲ....."

အသက်၅၀မပြည့်သေးသည့် ဖခင်ဟာ အမြဲတန်းသာမန်နေသူမို့လို့ အခုလို ဆေးရုံကုတင်တွင်တွေ့ရတော့ ဆောအလွန်ကို အံ့ဩပူဆွေးရသည်။

ကုတင်ပေါ်တွင်ပြေးထိုင်ကာ ပတ်တီးစည်းထားသော ဘယ်ဘက်လက်ကြည့်လိုက် ချိတ်ဆွဲထားသော dripကိုကြည့်လိုက်ဖြင့် ဆောခြေမကိုင်မိလက်မကိုင်မိဖြစ်နေဆဲသာ။

"သားရယ် ညဘက်ကြီး....သားရိပ်ကိုလဲမခေါ်ပါနဲ့လို့ပြောထားတာ...."

"ခေါ်ရမှာပေါ့ ဖေဖေရဲ့ အဖေ့သားက ဘယ်နှစ်ယောက်ရှိလို့လဲ...."

"သား...."

ဖေဖေထိုစကားကို ဟန့်လိုက်ပါသည်။တစ်ဦးတည်းသော သားမို့လို့ အခုထိ ခွန်းရိပ်ကိုလက်မခံနိုင်သေးရင်တောင် ဒီစကားကတော့ တစ်ဖက်လူကြားရင် သက်သက်စိတ်မကောင်းဖြစ်မည်လေ။

"ဖေဖေ့ကျန်းမာရေးကိုသာ အရင်လုပ်ပါ ဖေဖေရာ.....သားဆရာဝန်နဲ့စကားသွားပြောမယ်...."

"နေဦးသား.....ဖေဖေတို့ပြောပြီးပြီ အလုပ်ကြောင့် stressရရုံပါလို့သားရယ်...."

ဖေဖေစိတ်ပူတကြီးဆွဲထားကာ ဆောကိုပြန်ထိုင်လိုက်စေသည်။အခုလိုအချိန်မှ ဖေဖေကိုအားကုန်အောင်စကားတွေအများကြီးမပြောစေလိုတာကြောင့် ဆောပြန်ထိုင်နေလိုက်ပါသည်။ခရီးကပြန်လာလို့ မေမေမေးရင်တော့ ဖြေရခက်တော့မည်။

Mg's Obsession Where stories live. Discover now