(Unicode)
အပြင်မှာစောင့်ရင်း ထွက်မလာသည့်အဆုံး ဆောကုဋေရန်ဝင်သွားမည်အလုပ် ခွန်းရိပ်ထွက်လာပါသည်။သူ့ကိုမြင်ပါလျက်နှင့်ကျော်သွားဖို့ပြင်သည့်သူကို လက်မှဆွဲတားလိုက်မိ၏။ခပ်သွယ်သွယ်လက်ကောက်ဝတ်ဟာ လွယ်လွယ်ကူကူဘဲ လက်ထဲပါလာသလို ထိုနေရာတွင် ခွန်းရိပ်၏ ခြေလှမ်းတို့ရပ်တန့်သွားပါသည်။
"ကျုပ်ရှင်းပြ-"
"အခုလို ဝင်တားပေးလိုက်လို့လဲ မင်းအပေါ်ကျေးဇူးကြွေးတင်ခံမယ် မထင်နဲ့ ဆောကုဋေ...."
အစကတော့ ဆော ပြောပြဖို့ကြိုးစားမိပေမယ့် သူ့အလိုလိုတုန့်ဆုတ်မိသွားသည်။ထိုကိစ္စကိုဘယ်လိုနည်းနဲ့မှပြောမထွက်ခဲ့ပါ။
ဆွဲထားသည့်လက်ကိုအလိုက်တသိဖြုတ်ရင်း ခပ်နီးနီးက ကြည့်တော့ ခွန်းရိပ်မြူ၏ပါးပြင်တွင် အခြစ်ရာ၂ကြောင်းထင်နေပါသည်။ထိုအခါမှသတိရတာ ဟိုအချောင်သမား က ပေါက်ကရလက်စွပ်တွေဝတ်လာသည်ဆိုတာ။ဒဏ်ရာကမနက်ပေမယ့် ဖြူဥသောပါးပြင်ပေါ်ထင်းနေပါသည်။
"ခင်ဗျား မျက်နှာ-"
ဘယ်ဘက်မျက်စိပေါ်ဝဲကျနေသော ဆံပင်ကိုသပ်တင်ပေးပြီး မေးရိုးမှခပ်ဖွဖွမကာမျက်နှာကိုမော့စေသည်။ဒီတကြိမ်လဲ ဆော မစဉ်းစား မတွေးမိဘဲ အလိုအလျောက် ပြုမူလိုက်ခြင်းဖြစ်သည်။
ချက်ချင်းဆိုသလိုဘဲ ခွန်းရိပ်မျက်နှာကိုရှောင်လွှဲလိုက်ကာ လက်ကိုပုတ်ချလိုက်ပါသည်။
"မင်းကိစ္စမပါဘူး ဆောကုဋေရန်...."
"ဒဏ်ရာကိုဆေးထည့်ရမယ်...."
"မလိုဘူး...."
"ခင်ဗျားလူလိုပြောတာနားမလည်ဘူးလား ဆေးထည့်ရမယ်လို့...."
ဒီတစ်ခါမှာတော့ လက်ကို အားပါပါဆွဲလိုက်ပြီး ဓာတ်လှေကားထဲသို့ဆွဲခေါ်သွားသည်။အားကုန်ရုန်းလဲမရ ဆောကုဋေရန်လက်ထဲတွင် ခွန်းရိပ်မြူလက်ကျိုးသွားမည်တောင်ဆိုးရသည်။
"ငါ့ကိုလွှတ်စမ်း....မင်းစည်းကျော်တာသိပ်များပြီ...."
"ခင်ဗျားကလူလိုမှမသိတာ...."
