Part-(14)

44 3 1
                                        

(Unicode)

ဖုန်းသံကြောင့် ဆောမတ်မတ်ပြန်ရပ်လိုက်ပါသည်။ဖုန်းအနားသို့လှည့်ထွက်လာကာ ဇန့်ဖုန်းကိုဖြေလိုက်သည်။

"Hello...."

ဖုန်းကို speakerဖွင့်ကာ ကုတင်ပေါ်ပြန်ချလိုက်ပြီး အင်္ကျီဝတ်ဆင်လိုက်ပါသည်။ခွန်းရိပ်ကတော့ ထိုနေရာတွင် တည်တည်တံ့တံ့ပြန်ရပ်ကာ ဒီအတိုင်းသာရှိနေသည်။

"ငါတို့လာနေတယ်လို့ မင်းဘိုးအေမို့လို့စာမပြန်တာလား...."

"ငါ့ဖုန်းရေထဲကျသွားလို့...."

"ဒါဆို ဒါက မင်းလင်ဖုန်းလား...."

ခွန်းရိပ် ဆောကိုပြူးပြီးလှမ်းကြည့်သည်။ဆောကတော့ ပါးစောင်ကိုလျှာဖြင့်ထိုးကာ ရယ်မောလိုက်ပါသေး​၏။

"အေး....ခွန်းရိပ်မြူဆီကဖုန်းခဏငှားထားတာ....."

"ဟမ်!?....ဘာ!....ဇော်ဇော် မင်းကြားလား အဲ့ကောင်ပြောလိုက်တာ....."

"အလကားလျှောက်ပြောနေတာ သူလား ခွန်းရိပ်မြူနဲ့အဆင်ပြေမယ်...."

"ဟ တကယ်ပြောတာ....ခွန်းရိပ်မြူ....ခင်ဗျားကလဲ ဝင်ထောင်ခံလေ...."

ခွန်းရိပ်မြူမှာ ရင်တထိပ်ထိပ်ဖြင့် သူ့သူငယ်ချင်းတွေမသိစေဖို့ ဆုတောင်းနေသည်ကို ဆောက လက်တလုံးကြားဖော်လိုက်ပါသည်။ခွန်းရိပ် ဒီလောက် ဒေါသဖြင့်လှမ်းကြည့်လိုက်သည်တောင်မမှတ်သေး ဆောက စကားကိုရအောင်ဆက်သည်။

"video callနဲ့ပြရမှာလား ပြော...."

"ငါထိုးလိုက်မှာနော် ဆောကုဋေရန်....သက်သက်မဲ့ဒေါသလာမဆွနဲ့...."

"တကယ်ကြီးဟ ohh...shit....မင်္ဂလာပါ ကိုခွန်းရိပ်...."

"ချက်ချင်း သောက်လေသံကပြောင်းသွားတာ ကြားလား ဆော....အော် ဒါနဲ့ ကိုခွန်းရိပ်ဗျ ကျနော် ဇန်ပါ အဲ့ကောင်ကိုဖုန်းတွေဘာတွေယုံပြီးပေးမထားနဲ့နော် သူကမယုံရဘူး...."

"အဲ့ဒါပြောဖို့ မင်း နာမည်ကြီးအရင်မိတ်ဆက်စရာလိုလား...."

"လိုတယ်ဟ....မင်းယောက်ဖ ဇော်ဇော်နဲ့ငါ့လေသံကြီးကဒီလောက်တူနေတာ...."

"နေဦးကွ....ခွန်းရိပ်မြူအခန်းထဲ သူဘာဝင်လုပ်နေတာလဲ တိုးတိုးလေးမေးလိုက် ဇန်....."

Mg's Obsession Where stories live. Discover now