(Unicode)
"သိပါပြီ ဖေဖေရယ်.....ဖေဖေလဲကျန်းမာရေးဂရုစိုက်သင့်တဲ့အချိန်ကို....သားကို စိတ်မပူဘဲ အောက်မှာအေးဆေးနားနေပါ....."
"ဟုတ်ပြီဗျာ....လိုတာရှိရင်အဖေ့ကိုခေါ်နော်...."
"အင်း...."
ရေတွေယူလာလိုက် မုန့်တွေလာပို့လိုက်နှင့်ဖေဖေဟာအလုပ်များနေရှာသည်။အခုဆို ဆေးရုံက ခွန်းရိပ်ဆင်းလာတာ ၃ရက်ကျော်သွားပြီဖြစ်သည်။ကျန်းမာရေးလဲအတော်ကောင်းနေပြီး ဖြစ်သော် ဖေဖေကစိတ်ပူလိုက် ကောင်းကအိမ်ရောက်လာလိုက်နှင့် အခုအထိလူနာလို့ဆက်ဆံနေကြသေးသည်။
သို့သော ဆောကုဋေရန်အရိပ်အယောင်တော့မတွေ့သေးပါ။တွေ့ဖို့လဲကြောက်သည် တော်တော်ကြာမှပြန်တွေ့ရင် ပြသာနာတွေပါလာတက်တော့ ဖေဖေပြောသလို ဝေးဝေးမှာခဏနေတာကောင်းမည်။
အခန်းထဲမှာထိုင်ပြီးစာအုပ်ဖတ်တုန်း ထွန်းလင်းဆီကဖုန်းဝင်လာပါသည်။
"hello...."
"အေး...ပြော...."
"သက်သာလားလှမ်းမေးတာ....ခွန်းရိပ်ရေ...."
"ဒီလိုပါဘဲကွာ....တော်တော်သက်သာနေပါပြီ...."
"အားတဲ့ရက်လဲ ငါ့ဆိုင်လာပါဦး...."
"အေး ငါတို့လဲအေးဆေးစကားမပြောရတာကြာပြီ...."
"အော် ဒါနဲ့ ဆောကုဋေရန်လေ....ဆိုင်လာသွားတယ်...."
ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်မှောက်တင်လိုက်ပြီး ဖုန်းကိုသာခွန်းရိပ်အာရုံစိုက်လိုက်သည်။
"ဒီနေ့လား...."
"ဟုတ်တယ်....သူ့သူငယ်ချင်းတွေပါတယ်..."
"ဘာလာလုပ်တာလဲ...."
"အမလေး အကိုခွန်းရယ်....ငါ့ဆိုင်မှာလာစားတာပေါ့ အော် ဒါနဲ့ စိုး ဆိုလား စံ ဆိုလား မိန်းကလေးတစ်ယောက်ပါလာတယ်...."
"အဲ့ဒါငါကဘာလုပ်ရမှာလဲ ထွန်းရ...."
"အသံဘာဖြစ်တာလဲ....ငါက စေတနာနဲ့ပြောပြတာကို နားမထောင်လဲနေ...."
"ခဏ-.....အဲ့ဒါသူ့အသိလား...."
"ဟုတ်မယ် ဒါပေမယ့် မိန်းကလေးလို့သာပြောတာ အဲ့ကေင်မလေးက မိန်းကလေးမဆန်ဘူး ဆောကုဋေရန်နဲ့ပခုံးတွေဘာတွေဖက်လို့.....သူ့ရည်းစားလဲဖြစ်နိုင်တယ်...."

KAMU SEDANG MEMBACA
Mg's Obsession
RomansaIf you are not supporting LGBT, I recommend you to not read it.