Episode One

557 66 9
                                    

ဒေါက် ဒေါက်!!

သူ့စိတ်ကိုဖမ်းစားသွားသောအလုပ်သင်ကောင်လေး၏အချက်အလက်များကိုကြည့်နေစဥ် တံခါးခေါက်သံကြောင့် ဖိုင်ကိုပိတ်လိုက်ကာ

"ဝင်ခဲ့"

ဝင်လာသောသူကို ကြည့်လိုက်မိတော့ ထိုကောင်လေး။အလုပ်ဆင်းတာ ဒီနေ့ကနှစ်ရက်မြောက်နေ့ပင်။သူ့ကိုဘယ်လိုစကားတွေနဲ့ဆိုဆုံးမဦးမလဲမသိတာမို့ ထယ်ယောင်းမျက်မှောင်ကျုံ့လိုက်မိပြီး ရှေ့မှကောင်လေးကိုအကဲခတ်မိသည်။ဒီနေ့တော့ ကြက်သွေးရောင်ရှပ်အင်္ကျီကို မီးခိုးရောင်နက်ခ်တိုင်နှင့်ဝတ်ထားသောကြောင့် အနည်းငယ်လူကြီးဆန်နေကာ အနက်ရောင်စတိုင်ပန်နှင့် တွဲလောင်းများလည်းမပါသောကြောင့်မြင်ရတာရှင်းလင်းနေသည်။
ရွှေရောင်ဆံပင်များကိုတော့ အလယ်ခွဲကာ ချထားသောကြောင့် နဖူးထက်ဝဲကျနေခြင်းသည် ထိုအလုပ်သင်ကောင်လေးနှင့်ကြည့်ကောင်း၏။ရုတ်တရက်ကြီး ထယ်ယောင်း‌ကြက်သေသေမိသွားသည်။သူဟာ မိန်းကလေးတစ်ယောက်ကိုတောင်သေချာမကြည့်ဖူးပါဘဲ သူ့ကိုစွာတေးလန်သွားသောအလုပ်သင်ကောင်လေးကိုခွဲခြမ်းနေသည်တဲ့လေ။

ဝုန်း!!

"ဒီမှာ လူကြီးမင်း ကျွန်တော်ခေါ်နေတာကြားလား"

သူ့စားပွဲပေါ်ကို ဖိုင်များပစ်ချကာ အော်လာသောကောင်လေးကြောင့်အသိပြန်ဝင်လာပြီး စူးကြည့်ပေးလိုက်သော်လည်းထိုကောင်လေးပေမို့ သူ့ကိုပြန်ကာစူးကြည့်လာ၏။

"ကြားတယ် ဘာလဲပြော"

"ကြားတယ်ဆိုလည်းဘာလို့ပြန်မေးနေသေးလဲ..
မထင်ရဘူးနော်လူကြီးမင်းပုံစံနဲ့ညာတတ်တယ်"

စိတ်ပျက်သလိုပြောလာသောထိုအလုပ်သင်ကောင်လေးကြောင့် ထယ်ယောင်းသွေးတက်သွားရကာ မတ်တပ်ရပ်လိုက်ပြီး ထိုကောင်လေးမျက်နှာကိုစိုက်ကြည့်၍

"ဘာလဲ ပြောမှာဖြစ်ပြော"

"ကျွန်တော်marketingသွားရမှာ အဲ့ဒါလူကြီးမင်းကိုလာခေါ်တာ"

ထယ်ယောင်းမျက်လုံးပြူးသွားကာ သူ့ကိုယ်သူလက်ညှိုးထိုး၍ပြတော့ ခေါင်းညိတ်ပြလာသည်။
'ဒီကောင်လေးကတော့ ဘယ်သူ့ကိုဒီလိုလာလုပ်နေတာလဲ'
တကယ်ကြီး သူ့ကိုလာခေါ်နေတာလား။သတ္တိတွေရှိနေလိုက်တာ။

My Apprentice LadWhere stories live. Discover now