Episode Nineteen

469 61 20
                                    

ထယ်ယောင်း ဒါရိုက်တာချုပ်နှင့်စကားပြောရင်း တစ်ဖက်ကကောင်လေးကိုလှမ်းကြည့်တော့ ‌ဟိုကောင်မလေးမရှိတော့။ အွန်းနှင့်စကားပြောနေသည်။ကောင်မလေးကိုဝေ့ရှာတော့ စားစရာတွေနားမှာ တစ်ယောက်တည်းစားရင်းသောက်နေတာမို့ သူဒါရိုက်တာချုပ်ကိုနှုတ်ဆက်လိုက်ပြီး ထိုကောင်မလေးဆီလျှောက်လာလိုက်သည်။ဒီအချိန်မှာ ဟိုကလေးထက် ဒီကောင်မလေးကပိုပြီးအသုံးဝင်တယ်မလား။

"အဟမ်း!"

"ဟုတ်ကဲ့.."

"မင်းကဘာလို့ဟိုဆော့နဲ့အတူလာတာလဲ။ ပြတ်သွားပြီဆို"

ထယ်ယောင်း ဒီမေးခွန်းကိုသာမသိရရင်သူ့အတွေးဖြင့်သူရူးသွားနိုင်သည်။သူရူးမရူးဆိုတာ ဒီကောင်မလေးရဲ့အဖြေပေါ်မှာမူတည်နေတာမလို့ လိုအပ်တယ်။သေချာပြီး သူလိုချင်တဲ့အဖြေ...။

"ပြတ်သွားတာကဟုတ်ပါတယ်..ဒီက ဟို အစ်ကို..အစ်ကိုထယ်ယောင်း အဲ့လိုပဲခေါ်မယ်နော်"

"ရတယ်..ငါမေးတာသာဖြေ"

ထယ်ယောင်းအနေနှင့် အဖြေမသိရမချင်း သူလိုချင်တဲ့အတိုင်းမဟုတ်မချင်း ထိုကောင်‌မလေးအပေါ်မှာသဘောကောင်းဖို့အစီအစဉ်မရှိ။သောကများနေတာမို့ မိန်းကလေးတစ်ယောက်အပေါ်မှာရင့်သီးနေလည်း သူဂရုမစိုက်နိုင်သေး။

"ဟိုဆော့က နိုယူကသူနဲ့အတူပွဲတက်ပေးရင် အစ်ကိုထယ်ယောင်းနဲ့ပြန်အဆင်ပြေစေရမယ်တဲ့ အဲ့ဒါကြောင့်ပါ..နိုယူလည်းဘယ်သူနဲ့မှမသိတဲ့ပွဲကိုမတက်ချင်ပါဘူးနော်"

ထယ်ယောင်း ထိုကောင်မလေးကိုမျက်ခုံးပင့်မိသွားသလို တစ်ဖက်ကလည်းချီးကျူးလိုက်မိသည်။မဆိုးဘူး နိုယူက သူ့အစ်မနဲ့လုံးဝမတူတာတော့သေချာတယ်။ရုပ်လည်းလှတယ် လူလည်းလှတယ် စိတ်ထားလေးလည်းကောင်းတယ် အရိပ်အကဲ‌လည်းသိတယ်။အင်း မဆိုးဘူး။

"ဆိုတော့..မင်းကငါ့ဘက်တော်သားလား"

နိုယူက စားရင်းခေါင်းညိတ်ပြလာသည်။ထယ်ယောင်းအနည်းငယ်ကျေနပ်သွားရသည်။ဘယ်လိုဖြစ်ဖြစ် ဒီကောင်မလေးကသူ့ဘက်တော်သားဆိုရင် ခိုးပြေးမယ့်ကိစ္စမှာ ဒီကောင်မလေးကသူ့ကိုကူညီနိုင်လိမ့်မယ်။

My Apprentice LadWhere stories live. Discover now