Episode Seven

348 64 9
                                    

ထိုညကစေ့စပ်ပွဲကိစ္စလည်းပျက်သွားသလို ဟိုဆော့နှင့်သူ့မိဘတွေလည်းစကားမပြောဖြစ်ကြတော့ချေ။
သူ၏မိဘများသည် ဟိုဆော့အားနိုယူနှင့်သာလက်တွဲစေချင်ကြသောကြောင့် ဟိုဆော့တို့နှစ်ယောက်လမ်းခွဲလိုက်ခြင်းကို အလိုမကျဘဲစိတ်ဆိုးကာစကားမပြောကြပေ။ဟိုဆော့၏မိသားစုဘက်တွင်ထိုသို့ထိုသို့တွေရှိသော်ငြား တစ်ဖက်တွင်ထယ်ယောင်းရှိနေတာကြောင့် အဆင်ပြေလှတယ်မဟုတ်ပေမယ့် ဟိုဆော့ကျေနပ်နေသည်။

ထိုနေ့ပြီးနောက်တစ်ရက်တွင် ဟိုဆော့၏မျက်နှာသည်ညှိုးနွမ်းနေတာကြောင့် ရုံးတစ်ခုလုံးကအလုပ်အများကြီးမခိုင်းကြသလို ထယ်ယောင်းမှာလည်းမသိမသာအလိုက်သင့်နေပေးနေ၏။ပုံမှန်အတိုင်းဆို ထိုမန်နေဂျာကြီးနှင့်ဟိုဆော့မှာ မတည့်အတူနေဖြစ်ပေမယ့် ခုရက်တွေမှာထယ်ယောင်းမှအလိုလိုက်နေသောကြောင့် တည့်နေကြသည်။ညဘက်များတွင်လည်းဖုန်းပြောဖြစ်ကြကာ ဟိုဆော့ကရစ်တတ်လာ၏။ဟိုမရောက်ဒီမရောက်အခြေအနေနှင့် ဟိုဆော့၏အလုပ်သင်ကာလသည် နှစ်လကျော်လွန်ခဲ့ပြီ။ Marketingသွားတာဖြစ်ဖြစ်၊စက်ရုံသို့သွားစစ်ဆေးတာဖြစ်ဖြစ်၊အခြားရုံးခွဲများသို့သွားတာဖြစ်ဖြစ် ထယ်ယောင်းနှင့်အတူလိုက်သွားရသည်။ပြန်ချိန်တိုင်းတွင် ဂျာယန်းမှအမဲအူပြုတ်နှင့်အကင်ဆိုင်သို့သွားစားတတ်ပြီး ဟန်မြစ်ဘေးတွင်ဘီယာဘူးကိုယ်စီနှင့်ရောက်တက်ရာရာပြောရင်း အဆင်ပြေနေသည်။

ထယ်ယောင်းမှ 'ကိုယ်'ဟူသောနာမ်စားကိုမထင်ရင်မထင်သလိုသုံးတတ်လာပြီး ဟိုဆော့ကလည်း မထင်ရင်မထင်သလို 'Hyung'ဟုခေါ်တတ်လာသည်။
အလုပ်သင်ကာလပြီးလျှင်ဖွင့်ပြောမည်ဟုဟိုဆော့တွေးထား၏။ထယ်ယောင်းကသူ့ကိုမငြင်းလောက်ဘူးမလား။အိပ်ယာပေါ်တွင်ဖက်ရှင်မဂ္ဂဇင်းတစ်အုပ်ကိုင်ကာ ထိုလူကြီးအကြောင်းတွေနေရင်းမှ သတိရလာတာကြောင့် ဟိုဆော့ဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။

နှစ်ကြိမ်မြောက်ပြီးသောတုန်ခါသံအဆုံး တစ်ဖက်မှအသံဩဩသည် ရိုးရာမပျက်ဆွဲဆောင်မှုရှိစွာထွက်ပေါ်လာသည်။

"ဘာလဲ"

"လူကြီးမင်းဘာလို့ဖုန်းမကိုင်တာလဲ"

My Apprentice LadWhere stories live. Discover now