ဟိုဆော့ကောင်းမှုကြောင့် ထယ်ယောင်းသည် Beauty centerကိုရောက်နေကာ ရုပ်ရည်ကိုမှအားမနာ သူနာပြုနှင့်ဝန်ထမ်းများကိုခြောက်လန့်နေသည်။
"ဟိုလေ..ဒီကအစ်ကိုကထိန်းသိမ်းစရာ လိုအပ်ချက်တွေဘာမှမလိုလောက်ဘူးလို့ထင်တာပဲရှင့်"
သူနာပြုလေးသည် ထယ်ယောင်း၏ခေျာမောမှုကိုငေးငမ်းချင်သော်ငြား တည်တင်းနေသောမျက်နှာကြောင့်စကားပင်ရဲရဲမပြောရဲ။ဟိုဆော့သည်မျက်မှောင်ကျုံ့ထားကာ သူနာပြုလေးကိုအားနာနာနှင့်ပင်နှုတ်ဆက်၍ ထယ်ယောင်းကိုဆေးခန်းအပြင်သို့ဆွဲထုတ်လာသည်။
"လူကြီးမင်း ရူးနေလို့အဲ့လိုမျက်နှာနဲ့ခြောက်စားနေတာလား"
"နှစ်ပတ်လည်ပွဲတစ်ပွဲတက်တာဒီလောက်ထိလိုလို့လားကွာ..ကိုယ်ကရောဘယ်နေရာကအဆင်မပြေတာရှိလို့လဲ။ ကိုယ်ကBeauty centerပြရလောက်တဲ့ထိပျက်စီးနေလို့လား။"
"ဘယ်လိုဖြစ်ဖြစ်လေ...မျက်နှာကိုအဲ့လိုလုပ်ထားစရာလား။"
ထယ်ယောင်းကသက်ပြင်းသာချ၍ ကားရှိရာဆီလျှောက်သွားသဖြင့် ဟိုဆော့ထိုလူကြီးကိုလုပ်ပစ်ချင်စိတ်များတနုံ့နုံ့ပေါက်ဖွားလာခဲ့သည်။သူဘယ်လိုစိတ်နဲ့ဒီလူ့ဂွစာကြီးကိုကြိုက်ခဲ့သလဲဆိုတာ စဉ်းစားလို့မရတော့ပေ။
"လူကြီးမင်း"
"ဘာလဲကွာ..ကိုယ့်အတွက်မလိုဘူးလို့ပြောလိုက်တယ်မလား။ မင်းကဘာတွေဖြစ်နေတာလဲ"
ထယ်ယောင်းကစိတ်ရှုပ်စရာတစ်ခုလိုပြောလာတာကြောင့် ဟိုဆော့အနည်းငယ်ဝမ်းနည်းသွားရသည်။သူကသူ့လူကြီးကို အလှအပနဲ့ပတ်သတ်ပြီးလည်း သိစေချင်တာပါ။Skincare product တွေထုတ်တဲ့Companyမှာလုပ်နေပြီး ဒါလေးတောင်မသိရင် ဘာလုပ်ရမှာလဲ။ကင်မ်ထယ်ယောင်းကတကယ့်လူ။
"လမ်းခွဲမယ်"
"ဟိုဆော့ မဆိုင်တာတွေပြောပြီးကလေးမဆန်နဲ့။တစ်ခုခုဆိုလမ်းခွဲမယ်ဆိုတာချည်းပဲ။မင်းအသက်24ရှိနေပြီ။နောက်နှစ်ဆိုရင် ဒီလုပ်ငန်းစုကြီးကိုမင်းပဲဦးစီးဦးဆောင်လုပ်ရတော့မှာ။ ကလေးဆန်တာတွေရပ်သင့်ပြီဟိုဆော့"
