Episode Eighteen

394 53 4
                                    

တစ်ပတ်ရှိပြီ။ဟိုဆော့ကအဲ့ဒီနေ့ကတည်းကရုံးမဆင်းသလို သူ့ဖုန်းကိုလည်းBlacklistထဲထည့်သွားလျက် အိမ်သွားလျှင်လည်းအတွေ့မခံ။ဟန်မြစ်ဘေးတွင်တော့ ထိုညကကောင်လေးနှင့်ထိုင်ထိုင်နေတာတွေ့ပါသည်။သူ့ကိုမြင်လည်း မရှိတဲ့လူလိုသဘောထားနေကာ ကောင်လေးကနေနိုင်သူလိုဖြစ်နေ၍ သူကပဲမနေနိုင်သူဖြစ်နေရသည်။သူမဟုတ်တဲ့အခြားတစ်ယောက်နှင့်ကောင်လေးကိုတွဲမြင်နေရသည်မှာ သူ့အတွက်လုံးဝကိုအဆင်မပြေလှ။ထိုကောင်လေးတင်မဟုတ်ဘဲ တစ်ခါတစ်ခါဆို ဟိုဆော့ရဲ့ရည်းစားဟောင်းကောင်မလေးပါရှိနေတတ်သည်။

ထယ်ယောင်းအလုပ်ထဲလည်းစိတ်မရောက်သလို အစားလည်းမမှန် အအိပ်လည်းမမှန်။ကိုယ့်ကိုယ်ကိုလည်းဂရုမစိုက်နိုင်တာမို့ လူကချုံးချုံးကျနေပြီ။ဆံပင်တွေလည်းရှည်လာကာ အရင်လိုသပ်သပ်ရပ်ရပ်မပြင်ဆင်နိုင်တာကြောင့် မန်နေဂျာချုပ်ကင်မ်သည် ဖရိုဖရဲနှင့်ရုပ်ခံလေးသာဖယ်လိုက်ပါက အရူးတစ်ယောက်လိုဖြစ်နေပြီ။အစည်းအဝေးခန်းတွင်လည်း ဘုတ်အဖွဲ့ကဂရုစိုက်ဖို့သတိပေးကြသော်ငြား ထယ်ယောင်းကမပြောင်းမလဲ။လုပ်ငန်းစုရဲ့စီအီးအိုတစ်ယောက်က ထိုသို့ပြိုလဲနေတာကြောင့် ဘုတ်အဖွဲ့မှာလည်းမနေသာ။

ပိုဆိုးတာက Kim Groupပင်။ထယ်ဟွမ်ပြန်ရောက်လာသော်ငြား ထယ်ယောင်းကိုလွှဲပေးရမည့်လုပ်ငန်းများရှိနေတာကို ထယ်ယောင်းကထိုသို့ဖြစ်နေသဖြင့် နှောင့်နှေးနေရကာ ထယ်ယောင်း၏အထွေထွေဌာနနှင့်စီမံခန့်ခွဲရေးအဖွဲ့မှာလည်း သတိကြီးကြီးထားနေရသည်။ဟိုဆော့ကလည်းအလုပ်မဆင်းတာကြောင့် နှစ်ယောက်ကြားမှာအက်ကြောင်းရှိနေတာသိကြပေမယ့် ဘယ်သူကများမန်နေဂျာချုပ်ကိုပြောရဲမည်လဲ။တစ်ခါတစ်ခါ မန်နေဂျာချုပ်ရုံးခန်းတွင်မရှိပါက စီအီးအိုရုံးခန်းတွင် ရှိုက်သံသဲ့သဲ့ကိုကြားရတတ်သည်။

ထယ်ယောင်းအတော်ပင်နေရခက်ပြီး လွမ်းနေ၏။သူပြောမိတဲ့စကားတစ်ခွန်းက သူတို့နှစ်ယောက်ကြားဒီလောက်အထိဖြစ်စေလိမ့်မယ်လို့သူမထင်ထားခဲ့သလို ဟိုဆော့ကိုယုံကြည်ခဲ့သည်။တစ်လမပြည့်သောဆက်ဆံရေးတစ်ခုတွင် သူဟိုဆော့ကိုအကြွင်းမဲ့ယုံကြည်ခဲ့သည်။သို့‌ေသာ်ငြား ကိစ္စအားလုံးလျင်လျင်မြန်မြန်ဖြစ်ပျက်သွားပြီး ပြတ်သားနေသောကောင်လေးကြောင့် ထယ်ယောင်း၏ယုံကြည်မှုသည်တဖြည်းဖြည်းယိုယွင်းလာခဲ့သည်။

My Apprentice LadWhere stories live. Discover now