Episode Five

369 61 7
                                    

'သဘောကျနေတယ်'ဟုတွေးမိသည်နှင့် ဟိုဆော့သည်ပါးချိုင့်သေးသေးလေးများပေါ်သည်ထိပြုံးမိသွား၏။လူကြီးမင်းသည် သူ့အတွေးထဲ သူ့စိတ်ထဲ နေရာယူလာသည်မှာ စတွေ့သောနေ့ကတည်းကဖြစ်ပေမယ့် သူလာဂျစ်တိုင်းအော်ကာနှင်ထုတ်တတ်သောပုံရိပ်မှာတော့ တစ်ရက်ထက်တစ်ရက်နှလုံးသားထဲဝင်ရောက်လာသည်။အလုပ်ဝင်ပြီးကတည်းက နိုယူနဲ့လည်းမတွေ့ဖြစ်သလို ညဘက်ဖုန်းခဏပြောရုံလောက်သာပြောဖြစ်ကြပြီး ဖုန်းပြောလျှင်လည်းအတွေးထဲနိုယူမရှိဘဲ 'ဒေါသအိုးလူကြီးမင်းရော ဒီအချိန်ဆိုဘာတွေလုပ်နေမလဲ'ဟုသာတွေးဖြစ်သည်မို့ နိုယူ့ဆီလည်းစိတ်မရောက်။

နေ့စဉ်ရက်ဆက်စိုးမိုးနိုင်လွန်းသောလူကြီးကို ဒီနေ့မှာတော့အတိအကျသတ်မှတ်လိုက်နိုင်ပြီဖြစ်သည်။ဟိုဆော့ဟာ ခေတ်လူငယ်ဖြစ်တဲ့အတွက် လိင်တူသဘောကျခြင်းသည်ဘာမှမထူးဆန်းတာကြောင့်
အထူးတလည်တုန်လှုပ်သွားခြင်းမျိုးမရှိ။ဒီလိုဒေါသအိုးလူကြီးကိုဆိုတဲ့အတွေးသည် ဟိုဆော့ရင်ထဲဒေလီယာပန်းတွေလှိုင်လှိုင်ပွင့်စေသည်။ထိုစဉ် သူကြည့်နေသော မျက်ခွံများသည်အနည်းငယ်လှုပ်ခတ်လာသောကြောင့် ခါးကိုပြန်မတ်လိုက်ကာ စားပွဲရှေ့သို့ပြန်သွားလိုက်ရင်း

"အဟမ်း!!"

အပြည့်အဝနိုးလာသောလူကြီးမင်းသည်ဟိုဆော့ကိုမြင်သည်နှင့်မျက်မှောင်ကျုံ့ကာကြည့်လာ၍ ချက်ချင်းပင် အနေအထားကိုပြင်ကာ

"ဘာလာဂျစ်တာလဲ"

ဟိုဆော့ပန်းသီးကိုက်နေရင်းပင်‌ စူပုတ်သွားရပြီး

"လူကြီးမင်းကလည်း..အဲ့လိုတော့မပြောပါနဲ့။
စွပ်စွဲလွန်းရာကျ‌မနေဘူးလား"

ဟိုဆော့ကလူကြီးမင်းပျင်းနေမှာစိုးလို့စကားတွေလာလာပြောပေးခြင်းကို လူကြီးမင်းကအရှုပ်ထုပ်လို့သဘောထားနေသဖြင့်အနည်းငယ်ဝမ်းနည်းကာ နှလုံးသားလေးညှိုးနွမ်းသွားရ၏။

ထယ်ယောင်း သူ့ရှေ့ကမီးခိုးရောင်မျက်ဝန်းများမှာ
မှေးမှိန်သွားသောကြောင့် မျက်ဖြူလန်သွားရသည်။
'ဂျစ်နည်းတွေတစ်နေ့တစ်မျိုးမရိုးရဘူး။
ဂျောင်ဟိုဆော့တို့များ ဂျောင်ဟိုဂျစ်လို့နာမည်ပြောင်းပေးဖို့ကောင်းပြီ'

My Apprentice LadWhere stories live. Discover now