ဟိုဆော့လက်ကိုကိုင်ကာမျက်နှာလေးမဲ့၍ပြောနေသောနိုယူသည်လည်း သူမ၏အစ်မဖြစ်သူထံမှစကားကြားမှသာ ရှေ့တွင်ထိုင်နေသောအမျိုးသားအားသတိထားလိုက်မိသည်။နိုယူမျက်လုံးလေးများဝိုင်းစက်သွားကာ တစ်ဆက်တည်းပင် 'ချောလိုက်တာ'ဆိုသောအတွေးမှလွဲကျန်တာမတွေးနိုင်တော့။
ဟိုဆော့ကတော့ သူအောင်သွယ်ပေးရန်စဉ်းစားထားသော လူကြီးမင်းနှင့်ချွဲဂိုယူသည်သိနေပုံရသောကြောင့်အံ့ဩသွားပြီး မန်နေဂျာကြီးကိုကြည့်မိသောအံကြိတ်ထားသောကြောင့်မေးရိုးများကထင်းလျက် ထိုလူကြီးမှာအမှန်ပင်ဆွဲဆောင်မှုရှိကြောင်းထပ်မံလက်ခံလိုက်ရလေသည်။
"မင်း..Choi GoYu"
ထယ်ယောင်းသူ့ရှေ့မှအမျိုးသမီးအားမမှိတ်မသုန်ပင်စိုက်ကြည့်နေရင်း ဒေါသများကိုထိန်းထားရသောကြောင့်အံကြိတ်ထားသောမေးရိုးတို့မှာပေါက်ထွက်မတတ်ပင်။ပြီးမှ အလုပ်သင်ကောင်လေးကိုကြည့်လိုက်ပြီး တစ်ခွန်းတည်းပြောကာထရပ်လိုက်မိတော့ ခေါ်သံလေးထွက်လာသော်ငြားတားတော့မလာခဲ့ပါ။
"ငါပြန်ပြီ"
"လူကြီးမင်း "
ခေါ်သံနှင့် ခပ်ထေ့ထေ့အပြုံးတို့အားလျစ်လျူရှုလိုက်ကာ ထိုနေရာမှထွက်လာလိုက်သည်။တစ်ကိုယ်လံုးသိသိသာသာတုန်ယင်ေနေသာေကြာင့် မည်မျှဒေါသထွက်နေကြောင်းမှာ ပြောပြရန်ပင်မလိုခဲ့။ကားကိုမောင်းထွက်လာကာ ရုံးကိုပြန်မလာဖြစ်တော့ကြောင်း အဖွဲ့မှူးကိုဖုန်းဆက်အကြောင်းကြားလိုက်ပြီး သူနေထိုင်ရာကွန်ဒိုဆီသာပြန်လာလိုက်သည်။ချွဲဂိုယူ။ ထိုအမျိုးသမီးသည် ထယ်ယောင်းအားမိန်းမတွေကိုစိတ်ကုန်အောင်လုပ်ခဲ့သော တစ်ယောက်တည်းသောမိန်းမယုတ်ပင်။
................................................
လွန်ခဲ့သော 7နှစ်ခန့်။
ကျောင်းစာနှင့်အချိန်ပိုင်းအလုပ်ဖြင့်သာ ဘဝကိုလုံးပမ်းပတ်ချာလည်ရိုက်နေသော ထယ်ယောင်း၏ဘဝထဲသို့ မိန်းမတစ်ယောက်ဝင်လာဖို့ရန် ဤသို့အစပြုခဲ့သည်။
"ထယ်ယောင်း..အဖေ သားနဲ့သင့်တော်မယ့်အိမ်ထောင်ဖက်ကိုတွေ့ထားပြီးပြီ"
