Episode Ten

393 63 15
                                    

အထေ‌ွထွေဌာနထဲဝင်လိုက်တာနှင့် အကျင့်ပါနေသောမျက်လုံးများသည် ‌အရှေ့မြောက်ဘက်စွန်းကစားပွဲဆီသို့အကြည့်ရောက်မိသည်။အရင်လိုသူ့ကိုပြန်ကြည့်နေတတ်သော‌ရွှေရောင်ဆံနွယ်များနှင့်ကောင်လေးကိုမမြင်ရတဲ့အခါ တစ်ခုခုလိုနေသလိုပင်။

"မန်နေဂျာချုပ်..ဟိုဆော့ကအလုပ်မလာတော့ဘူးလားဟင်"

အလုပ်သင်ဘတ်အွန်းမှလှမ်းမေးသော‌ေမးခွန်းကို ဘယ်လိုဖြေရမလဲသူမသိပေ။သူ့အနေနှင့် အနှီးကိစ္စတွင် လူကြီးလူကောင်းဆန်ဆန်မဖြေရှင်းဘဲ ကိုယ်ရေးကိုယ်တာနှင့်လုပ်ငန်းခွင်ကိုရောထေ‌ွးမိသလိုဖြစ်သွားပြီး ကလေးဆန်မိသွားသည်။သို့သော်ငြား သူ့ဘက်ကတော့ပြန်လာပါလို့မခေါ်ချင်တာကြောင့်

"သူလာချင်ရင်လာလိမ့်မယ်"

ခပ်ပြတ်ပြတ်သာပြော၍ ကိုယ့်ရုံးခန်းထဲဝင်ကာ
ရှိသမျှအလုပ်တွေထဲခေါင်းနစ်ထားလိုက်သည်။တစ်ပတ်လုံးအလုပ်ထဲ‌ခေါင်းနစ်ကာနေလိုက် စက်ရုံတွေဘက်သွားလိုက်နှင့်ထယ်ယောင်း ထိုကောင်လေးအားမေ့မေ့ပျောက်ပျောက်နေလိုက်သည်။သို့ပေမယ့် ညဘက်များအလုပ်လုပ်နေချိန်တောင် တုန်ခါလာမည့်ဖုန်းမြည်သံကိုလွမ်းဆွတ်ကာမျှော်တတ်နေသည်။တစ်ပတ်ကျော်အတွင်း ထိုကောင်လေးအပေါ်သူဘယ်လောက်တောင်တွယ်တာနေမိလဲဆိုတာသိသာလာသောကြောင့် သူ့ကိုယ်သူပင်လန့်လာရသည်ထိ။

"မန်နေဂျာချုပ်..မနေ့ညနေကဟိုဆော့ရောက်လာသေးတယ်။သူအင်ချွန်းရုံးခွဲက မန်နေဂျာရဲ့အလုပ်သင်လက်ထောက်အဖြစ်လုပ်နေတယ်တဲ့။
အခုမှလာပြောမိလို့အားနာကြောင်းရောတောင်းပန်ကြောင်းပါပြောလာတယ်။ကျွန်တော်လည်း မန်နေဂျာချုပ်သိသင့်တယ်ထင်လို့ပါ။ဟိုဆော့ကသူအဲ့ဘက်မ‌ှာအဆင်ပြေနေတာမလို့စိတ်မပူပါနဲ့တဲ့။
တစ်ခါတစ်ခါကျသူလာပါ့မယ်တဲ့"

"အင်း.."

ထယ်ယောင်း အင်းတစ်လုံးသာဆိုလိုက်ကာ လက်နှစ်ဖက်လုံးကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။
သူ့မျက်ဝန်းတွေစိုစွတ်လာသည်။ရင်ထဲကနာလာရသည်။နာမည်ကြားလိုက်ရတာနှင့် သူ၏အလုပ်သင်ဂျစ်ထုပ်လေးကိုသူဘယ်လောက်တောင်လွမ်းနေခဲ့လဲဆိုတာ မျက်ရည်‌တောင်ကျရတဲ့ထိ။ထယ်ယောင်းဖိုင်တွေကြားခေါင်းနစ်ကာ အသံတိတ်ငိုကြွေးမိသည်။အရင်လိုသူ့အနားမှာ လူကြီးမင်းဆိုပြီးဂျီကျသံလေးမရှိတော့သလို၊သူစက်ရုံကိုသွားတိုင်း ဘေးမှာပေါက်ပေါက်ဖောက်ကာလိုက်မေးတတ်တဲ့‌သာလိကာလေးလည်းမရှိတော့၊ပန်းသီးတစ်လုံးကိုင်ကာသူ့ကိုနှုတ်ခမ်းတထော်ထော်နှင့်ပြန်စွာတတ်တဲ့ကောင်လေးမှာလည်းအစအနပင်မကျန်။သူပြောပြတိုင်း ငွေရောင်တွေလက်ကာ‌စိတ်ဝင်တစားနှင့်အကုန်လိုက်မှတ်သားတတ်တ‌ဲ့ကောင်လေးလည်းမရှိတော့။စက်ရုံကပြန်တိုင်းဂျာယန်းမှာအမဲအူပြုတ်သွားစားပြီးဟန်မြစ်ဘေးဘီယာဘူးနှင့်ဝင်ထိုင်ရန်ပူဆာတတ်တဲ့ကောင်လေးမှာလည်းမရှိတော့ပေ။
သူ့သဘောထားကိုအလုံးစုံမသိသေးတာတောင် ဘယ်နေရာမှာဘာပဲလုပ်လုပ် ထိုကောင်လေးကိုပဲမြင်ယောင်နေသောကြောင့် ထယ်ယောင်းမှာသူ့ကိုယ်သူပိုပိုလန့်လာသည်။

My Apprentice LadWhere stories live. Discover now