"အခု သားကြီးလည်းပြန်ရောက်လာပြီဆိုတော့ သားငယ်လည်းနားလည်ပြီမလား"
"ကျွန်တော်နားလည်တာကတော့ Hyungပြန်ရောက်လာတာမို့ ကျွန်တော်လွတ်လွတ်လပ်လပ်နေလို့ရပြီ..အဖေ့ရဲ့တာဝန်လွှဲပြောင်းတာတွေကမလိုတော့ဘူးလေ..ဟုတ်တယ်မလားHyung"
ထယ်ဟွမ်ကထယ်ယောင်း၏စကားကိုခေါင်းသာညိတ်ပြပြီး အဖေနှင့်အမေကိုကြည့်လိုက်၍
"ငယ်လေးကိုအများကြီးဖိအားမပေးပါနဲ့.."
"အေးပါအေးပါ..သားလေး စားနော် "
Hyungဘေးတွင်ရှိနေသောမွန်ယော့ကို အဖေဖြစ်သူကပျားရည်သကာဆမ်းထားသောအသံနှင့် ကိုယ်တိုင်ဟင်းတွေခပ်ထည့်ပေးနေတာကြောင့် ထယ်ယောင်း၏မျက်နှာမှာမည်းမှောင်လာတော့သည်။
"နေပါဦး..မွန်ယော့နဲ့Hyungကိုတကယ်ပဲလက်ထပ်ပေးတော့မလို့လား"
"ငါတို့ကိုသဘောမတူတာမင်းပဲရှိတာလေ..အဲ့ဒီတော့မင်းကိုသိစေချင်တာက မင်းသဘောမတူလည်းငါတို့ကယူမှာပဲ။ သဘောပေါက်တယ်နော် သားလေး"
မွန်ယော့၏မော်ကြွားကြွားစကားကို မိဘနှစ်ပါးရောအစ်ကိုဖြစ်သူရောက ရယ်မောကာအသည်းယားနေတာကြောင့် ထယ်ယောင်းသည် အနှီးမိသားစုကားသူနှင့်မသက်ဆိုင်တော့ဟုခံစားလိုက်ရ၏။စိတ်ခံစားချက်ကိုချက်ချင်းပင်လိုက်ကာ ထယ်ယောင်းထိုစားပွဲဝိုင်းမှထရပ်လိုက်မိသည်။
"ငယ်လေးဘာဖြစ်လို့လဲ"
"ပြန်တော့မလို့Hyung..နောက်နေ့မှအေးဆေးတွေ့ကြမယ်"
"သားငယ်..မင်းအစ်ကိုလည်းပြန်ရောက်လာပါပြီပဲ။
တစ်ညလောက်တော့အိမ်မှာအိပ်သွားပါလား""အဖေပြောတာဟုတ်တယ်ငယ်လေး.."
ထယ်ယောင်းဘာမှပြန်မပြောတော့ဘဲ မွန်ယော့ကိုစူးကြည့်ကာ အပေါ်ထပ်မှသူ့အခန်းဆီသို့တက်လာခဲ့လိုက်သည်။
ကျန်ခဲ့သောညစာစားဝိုင်းတွင်တော့ မွန်ယော့၏အရွှန်းဖောက်မှုများကို ပြုံးပြုံးကြီးသာနားထောင်ရင်းတစိမ့်စိမ့်ကြည့်နေသောအစ်ကိုထယ်ဟွမ်နှင့် လိုက်လံရယ်မောပေးနေကာအပိုဇာတ်တွေခင်းနေပါသောမိဘနှစ်ပါးကျန်ခဲ့လိမ့်မည်။