Episode Thirteen

386 64 9
                                    

"အင်း........"

ထယ်ယောင်းရေချိုးခန်းထဲမှပြန်ထွက်လာသောအချိန်တွင် အင်းအဲညည်းညူကာ တစ်ဖက်သို့လှိမ့်သွားရင်းစောင်ကိုခေါင်းထိခြုံလိုက်သောကောင်လေးကိုအသည်းယားသွားရ၍ ရယ်လိုက်မိသေးသည်။ဆံပင်ကိုသေချာရေစင်အောင်သုတ်လိုက်ပြီးနောက် ဗီရိုထဲမှဟူဒီအဖြူရောင်တစ်ထည်နှင့်အညိုရောင်ချည်ဘောင်းဘီကိုထုတ်ယူကာ ဝတ်လိုက်ပြီးမျက်နှာကိုခရင်မ်အနည်းငယ်လိမ်းလိုက်၏။နောက်ဆုံးအနေနှင့် ကောင်လေးအနားသို့သွားကာ ခေါင်းမြီးခြုံထားသောစောင်ကိုဆွဲခွာ၍ ပါးပြင်နုနုအားသူ၏နှာခေါင်းလုံးလုံးလေးနစ်ဝင်သည့်အထိ အသံမြည်အောင်နမ်းရှိုက်လိုက်မိသည်။အိပ်နေသောကောင်လေးကငြိမ်သက်လျက်သာအိပ်ပျော်နေတာကြောင့် ထယ်ယောင်းခေါင်းခါလိုက်ရင်းညစာချက်ရန်အပြင်သို့ထွက်လာပြီး အေပရွန်ဝတ်ကာမီးဖိုချောင်ဝင်ရ‌ေ‌တာ့သည်။ထယ်ယောင်းတစ်ယောက်တည်းရှိနေစဉ်က မအားတာကြောင့်ကိုယ်တိုင်ချက်‌စားလေ့မရှိဘဲ အလုပ်ကပြန်ချိန်တွင်တစ်ခါတည်းညစာဝင်စားခဲ့ပြီး အလုပ်လုပ်ရင်းညဉ့်နက်သွားသောနေ့များတွင်တော့ ညလယ်စာအဖြစ်ခေါက်ဆွဲသာပြုတ်စားဖြစ်သည်။သို့သော်ငြား အနှီးကောင်လေးကိုတော့ ခေါက်ဆွဲမစားစေချင်တာကြောင့် ရှိသောအသားလေးနှင့် ကင်ချီအနည်းငယ်ကို ပြင်ဆင်ပေးရတော့မည်။နောက်ရက်များတွင်တော့ ထယ်ယောင်းဟင်းချက်စရာများအားဝယ်ထားရန်လိုပြီထင်ပါသည်။တတ်သလောက်မှတ်သလောက်နှင့် အမူးပြေဟင်းရည်ကိုချက်ရ၏။အမဲရိုးစွပ်ပြုတ်လုပ်ပြီးသည်နှင့် အရွက်အနည်းငယ်ကြော်လိုက်ကာ ကင်ချီနှင့်သုံးထပ်သားကိုကြော်လိုက်သည်။အားလုံးပြီးသွားသောအချိန်တွင် သိမ်းစရာရှိတာသိမ်းကာ ညစာအတွက်ပြင်ဆင်လိုက်သည်။ပြင်ဆင်ပြီးချိန်ကွက်တိဖြစ်သောအခါ အခန်းထဲမှကောင်လေးသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုလက်ဖြင့်ပွတ်သပ်ကာထွက်လာလေသည်။

"နိုးပြီလား ကလေး"

ဟိုဆော့ သူ၏မျက်လုံးများကိုကြမ်းတမ်းစွာပွတ်သပ်ရင်း ကြားရသော‌ေမးခွန်းကြောင့် တဝါးဝါးသမ်း‌ေဝရင်းအသံပိုင်ရှင်ကိုကြည့်လိုက်မိသည်။အိပ်ချင်မူးတူး‌ဖြစ်နေသောစိတ်နှင့် မပွင့်ချင်သောမျက်လုံးများမှာ အိပ်ချင်စိတ်ပျောက်၍ ပြူးလာကြ၏။အနည်းငယ်မူးကာရီဝေဝေဖြစ်နေသည်မှာလည်း ကြက်ပျောက်ငှက်ပျောက်ပင်။ဟိုဆော့ သူမြင်ရသောပုံရိပ်အားမယုံနိုင်စွာကြောင်အလျက်ကြည့်နေမိသည်။

My Apprentice LadWhere stories live. Discover now