Episode Eleven

453 57 17
                                    

ရုတ်တရက်နီးကပ်လာသောမျက်နှာချောချောကြောင့် ထယ်ယောင်းလန့်သွားရသလို တစ်နေရာကခုန်ပေါက်လာရသည်။သူြကည့်နေမိတဲ့မျက်ဝန်းများက ငွေရောင်ပြန်လက်လာကာ သူ့ကိုပါးချိုင့်သေးသေးလေးများပေါ်သည်အထိပြုံးပြနေသောကောင်လေးကိုကြည့်ကာ မျက်နှာလွှဲမိတော့မည့်အခိုက်
သူ့အကြည့်တွေသွားခလုတ်တိုက်မိတာက စိုရဲရဲနှုတ်ခမ်းပါးတွေ။ရုတ်တရက်အာခေါင်ခြောက်လာသလိုလိုခံစားလိုက်ရကာ တံတွေးမျိုချလိုက်မိပြီး ရှေ့မှကောင်လေးအား ပုခုံးမှအသာတွန်း၍ပြန်ထိုင်စေလိုက်ပြီး ရေတစ်ခွက်ထည့်ကာမော့သောက်လိုက်တော့

"ကြည့်ရတာ ရင်ခုန်သွားတယ်ထင်တယ်"

ရယ်သံစွက်ကာပြောလာ‌တာကြောင့် ထယ်ယောင်းခပ်စူးစူးစိုက်ကြည့်ပေးလိုက်တော့ ပြုံးစိစိနှင့်သူ့ကိုကြည့်ရင်းပြုံးနေသည်။

"မင်းတခြားလူတွေနဲ့လည်းဒီလိုပဲနေတတ်တာလား"

"မဟုတ်ပါဘူး အစ်ကိုမွန်ယော့နဲ့ပဲ"

ထယ်ယောင်းမျက်နှာသည်ရုတ်တရက်တည်တင်းသွားတာကြောင့် ဟိုဆော့ကြိတ်ရယ်လိုက်မိသည်။
ဒီလောက်ဆို သူ့အခြေအနေကအရမ်းကြီးဆိုးနေတာမှမဟုတ်ဘဲ။

"ပြန်လို့ရပြီ"

တစ်ခါတည်းနှင်လာတဲ့သူကို ‌ဟိုဆော့ရယ်လိုက်မိပြီးမှ

"ခင်ဗျားနဲ့ကျွန်တော်တွေ့ဖို့မလွယ်တော့တာသိတယ်မလား"

ထယ်ယောင်း၏မျက်ဝန်းစိမ်းများသည် ပိုင်ရှင်ဆီကျရောက်လာကာ ထယ်ယောင်းမပီသစွာပင်မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွား၍

"သိတယ်"

"လွမ်းနေတာမဟုတ်ဘူးလား"

".........."

ဟိုဆော့ကိုမျက်နှာလွှဲသွားသော်ငြား နားရွက်ဖျားတွေရဲတက်လာတာကိုမြင်လိုက်ရတာကြောင့် ဟိုဆော့ကြိတ်ရယ်ရင်းအသည်းယားမိသွားကာ စချင်လာသည်။

"ဟုတ်သားပဲ ကိုကိုကကျွန်တော့်ကိုဘယ်လွမ်းမှာလဲ။ကျွန်တော်မရှိတော့ပျော်နေမှာပေါ့။ကျွန်တော်ကပဲလွမ်းနေတာပဲ။ ကိုကိုကမကောင်းလိုက်တာဗျာ"

My Apprentice LadWhere stories live. Discover now