ညနေဘက် ဟိုဆော့အိမ်သို့ရောက်လာတဲ့အခါ
ထယ်ယောင်းစိတ်ထဲကရင်းနှီးနေသလိုလိုခံစားလိုက်ရတာကြောင့် မေးရန်ပြင်ပြီးကြည့်လိုက်စဉ် ငိုတော့မယ့်မျက်နှာနှင့်ဟိုဆော့ကိုတွေ့လိုက်ရတာမို့ နဖူးကိုဖိကပ်နမ်းရင်း လက်ကိုသေချာလေးဆုပ်ကိုင်ထားလိုက်မိသည်။'ဘယ်လိုအခြေအနေတွေပဲလာလာ..ဟိုဆော့ရှေ့မှာရပ်တည်ပေးရမှာပဲ'
"အစ်ကိုလေးဟိုဆော့"
"ဒယ်ဒီရော"
အိမ်တော်ထိန်းကဟိုဆော့လက်ကိုကိုင်ထားသောထယ်ယောင်းကိုကြည့်ကာ အရိုအသေပေး၍နှုတ်ဆက်လာသည်။ထယ်ယောင်းကခေါင်းညိတ်ကာအသိအမှတ်ပြုပြီး အနည်းငယ်ပြုံးပြလိုက်ရသည်။
"ဥက္ကဌက တတိယထပ်ကအခန်းထဲမှာပါ"
ဟိုဆော့အလုပ်စဝင်ချိန်ကတည်းက ဟိုဆော့ကိုဘယ်နည်းနဲ့မှသာမန်မိသားစုကမဖြစ်နိုင်ကြောင်းရိပ်မိတာမို့ အခုအခြေအနေများကိုထယ်ယောင်းများစွာမအံ့ဩသွားပေ။
ဟိုဆော့ဦးဆောင်ရာ တတိယထပ်ကိုတက်လာလိုက်သည့်နောက်"ဒယ်ဒီကကိုကိုနဲ့သိတာမို့ အကောင်းဆုံးကြိုးစားပေးပါနော် ကျွန်တော်မိန်းမ,မလိုချင်ဘူး"
"အင်း ကိုကို့ကိုယုံလိုက်"
ဟိုဆော့ကခေါင်းတဆတ်ဆတ်ညိတ်ပြကာ တံခါးလက်ကိုင်ကိုလှည့်၍ဖွင့်လိုက်သည်။ဟိုဆော့နှင့်လက်ချင်းတွဲယှက်၍ အခန်းထဲကိုဝင်လာသည့်အချိန် မြင်လိုက်ရသောသူကြောင့် ထယ်ယောင်းမှာမျက်လုံးပင်ပြူးသွားရသည်။
"အန်ကယ်"
ဥက္ကဌဂျောင်လက်ဖက်ရည်သောက်နေစဉ်အတွင်း တံခါးဖွင့်သံကြားတာကြောင့် သားဝင်လာမှန်းရိပ်မိလိုက်ပေမယ့် သူ့ကိုခေါ်လာသောအသံနှင့်မြင်လိုက်ရသောသူကြောင့် လက်ဖက်ရည်မသီးအောင်ပင်မနည်းဂရုစိုက်လိုက်ရသည်။
ကင်မ်ထယ်ယောင်းပင်။ ထယ်ယောင်းကသူ့သားရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ကိုဆုပ်ကိုင်ထားသေးသည်။ဒါဖြင့် သူ့သားရဲ့ကောင်လေးဆိုတာက.......။
"ထယ်ယောင်း မင်းကဘယ်လို"
"လူကြီးမင်းကကျွန်တော့်ကောင်လေးပါဒယ်ဒီ"