(၈) - အတိတ်

388 21 2
                                    

လွန်ခဲ့သော ၁၄ နှစ်

အလင်းမျှင်လေးကို ခေါ်အိပ်ခြင်းက မှားပြီဟု သမိုင်းဦးခေတ် တွေးနေရသည်။ နို့နံ့မစင်သေးသည့် ငါးနှစ်အရွယ် ကလေးတစ်ယောက်၏ စကားကို ယုံမိသည်ကိုက သမိုင်းဦးခေတ် မှားသွားခြင်း။

ပထမ စည်းကမ်းချက်ဖြစ်သည့် အိပ်ယာထဲ သေးမပေါက်ချဘူးဟု ဆိုသူက ညအချိန် သေးထပေါက်ချသည်။ ထို့ကြောင့် သမိုင်းဦးခေတ် အိပ်ရာခင်းအသစ် လဲရ၏။ ဒုတိယ စည်းကမ်းချက်ထဲက မငိုဘူးဟု ဆိုသော်လည်း သန်းခေါင်အချိန်မှာ အမေတ,ကာ အလင်းမျှင်လေး တစ်ညလုံး ထငိုသဖြင့် သမိုင်းဦးခေတ် အိပ်ရေးပျက်ခံပြီး မနည်း ချော့သိပ်ရ၏။ မနက် မိုးလင်းသည်အထိ အလင်းမျှင်လေးက သမိုင်းဦးခေတ်၏ လက်မောင်းပေါ် ကုလားသေ ကုလားမော အိပ်ပြန်လေသည်။

ငါးနှစ်အရွယ် ဝတုတ်လေးကို သိပ်အိပ်ရသည့် အကျိုးဆက်ကား နောက်တစ်နေ့ သမိုင်းဦးခေတ်၏ လက်မောင်း ထုံကျင်သွားရခြင်း။

ကျောင်းမှာ သူငယ်ချင်းတွေကို ပြောပြတော့ သင်းတို့က သမိုင်းဦးခေတ်ကို သနားမည့်အစား ရယ်လာကြသည်။ ရယ်တောင်မှ ရိုးရိုးမဟုတ်။ ဟက်ဟက်ပက်ပက်ကို ရယ်ကြ၏။

"တော်ပြီ။ မင်းတို့ကို မပြောပြတော့ဘူး"

စူပုပ်သော မျက်နှာထားနှင့် သမိုင်းဦးခေတ် ရှေ့ပြန်လှည့်ကာ စာကြည့် နေတော့သည်။

နေ့လယ် ကျောင်းဆင်းနားချိန် သမိုင်းဦးခေတ် ညတုန်းက ကြုံ‌ခဲ့ရသော အခက်အခဲတွေကို သူငယ်ချင်းဖြစ်သည့် သူတို့ဆီကို ရင်ဖွင့်ပြသည်။ သူတို့ ဆိုသည်မှာ ရမ်နောင်နှင့် သော်တာခြည်ပင်။ သူတို့ဆီက အားပေးစကားအစား တကားကား ရယ်သံများသာ ရ၏။ သမိုင်းဦးခေတ် စိတ်တိုရသည်။

"စိတ်ကောက်သွားပြန်ပြီလား မိုင်း။ ငါတို့က သဘောကျလို့ ရယ်မိရုံပါ။ နင့်ကို လှောင်စရာလား နော့်။ ကုလားကြီး"

ရမ်နောင်ကို အပိုးမသေသေးသော မျက်နှာပေးနှင့် သော်တာခြည် စစ်ကူခေါ်သည်။ ကုလားကြီးဟု အခေါ်ခံရသော်လည်း ရမ်နောင် စိတ်မခုဘဲ ပြုံးစိစိနှင့် ခေါင်းညိတ် ထောက်ခံ၏။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Место, где живут истории. Откройте их для себя