(၃) - ပစ္စုပ္ပန်

855 36 7
                                    

အလင်းမျှင်သည် ဖျတ်ခနဲ နိုးလာသည်။ ထိုအခါ အဖြူရောင် မျက်နှာကျက်ကြီးက ဗလာသက်သက် ဆီးကြိုနေ၏။ မျက်ဝန်းစပ်တွင်တော့ မခြောက်သေးသည့် မျက်ရည်စီးကြောင်းများ။

သမိုင်းဦးခေတ်နှင့် စတွေ့ချိန်က အိပ်မက် ပြန်မက် ခဲ့သည်ကိုး။ ထိုအချိန်က သမိုင်းဦးခေတ်၏ အသံကြီးကြောင့် အလင်းမျှင်လေး တကယ် လန့်ခဲ့ခြင်း။ ထိုညက သမိုင်းဦးခေတ် အိမ်ပြန်မလာခဲ့။ ဖခင်ဖြစ်သူ ပြောသည်က သူ့သူငယ်ချင်းအိမ်မှာ သွားအိပ်သည်တဲ့။ သမိုင်းဦးခေတ်က အလင်းမျှင်ကို မုန်းသည်တဲ့လေ။

တစ်အိမ်ထဲ အတူနေလာသည့် ကာလအတွင်း ဖေဖေ့ညီလေး သမိုင်းဦးခေတ်က အလင်းမျှင်ကို တစ်ခါမှတောင် ပြုံးပြခြင်းမျိုး မရှိခဲ့ပါပေ။ သမိုင်းဦးခေတ် ဆိုသည့် သူ့ဦးလေးဆီက ချိုသာသည့် စကားတစ်ခွန်းကို အလင်းမျှင် ကြားချင်ခဲ့တာပါ။ 

ဟက်...အလင်းမျှင် ဘာတွေကို မျှော်လင့်တာလဲ။ သူ့အစ်ကိုရင်းနဲ့ ကိုယ့်မိခင်ကို လုပ်ကြံ သတ်ပစ်တဲ့ လူကြီးအပေါ်ကို ဘာတွေ မျှော်လင့်တာလဲ။ မင်းအခု ပြန်လာတာ သမိုင်းဦးခေတ်ကို ပြန်ကလဲ့စား‌ချေဖို့လေ။ မင်းခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ပြန်ယူဖို့လေ။

နာကျည်းစိတ်များကြောင့် စိုစွတ်နေသည့် မျက်ဝန်းစပ်ကို သုတ်ဖယ်လိုက်သည်။ ထို့နောက် နဖူးပေါ်ကို လက်တင်ထားပြီး အလင်းမျှင်သည် အသက်မဲ့သော အပြုံးတစ်ခုကို ဆင်လိုက်၏။

"အင်း...ငါ့ကို ခွင့်မလွှတ်ပါနဲ့။ ငါက ခွင့်လွတ်ဖို့ မ မထိုက်တန်ဘူး"

ဘေးတွင် အိပ်နေသည့် အလင်းမျှင် အရမ်းမုန်းသော သမိုင်းဦးခေတ်သည် အိပ်နေရင်းပင် ယောင်နေသည်။

အလင်းမျှင် ဟက်ခနဲ ပြုမိသည်။

"ခင်ဗျား ဘယ်သူ့ကို ပြောနေမှန်း မသိပေမဲ့ ခင်ဗျားက ခွင့်လွတ်ဖို့ မထိုက်တန်တဲ့လူမှန်း သိသားပဲ သမိုင်းဦးခေတ်။ မျှင့်ကို မုန်းတယ်ဆိုတဲ့ ခင်ဗျား။ မျှင့်မိဘတွေကို သတ်ခဲ့တဲ့ ခင်ဗျား။ ရက်စက်တဲ့ နှလုံးသားနဲ့ ခင်ဗျားကို အရမ်းမုန်းတယ်"

အလင်းမျှင်၏ စကားကို နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသူက ကြားနိုင်မည်မဟုတ်။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Donde viven las historias. Descúbrelo ahora