ဆယ့်ခြောက်နှစ်က မိမိကိုယ်ကို ပြန်တွေးတိုင်း သမိုင်းဦးခေတ် နာကျင်ရစမြဲ။ မိမိကိုယ်ကို အပြစ်တင်စိတ်က ထွားလာသဖြင့် စားပွဲပေါ်ကို ခေါင်းမှောက်ချသည်။ အိမ်က စာကြည့်ခန်းထဲ သမိုင်းဦးခေတ် တစ်ယောက်တည်း။ ထို့ကြောင့် မကောင်းစိတ်က အလွယ်တကူ ဝင်လာ၏။
သမိုင်းဦးခေတ် ဆက်တွေးသည်။ ထိုအချိန်တုန်းက ၎င်းနေ့မှစပြီး ကလေးစုတ်အပေါ် မိမိက ယုတ်ညံ့စွာ ပစ်မှားမိသည်။ မုန်းသည့်ကြားက...။ ဟင်း...အထူးသဖြင့် လောကကြီးက ဘာမှန်း မသိသည့် ကလေးစုတ် အပေါ်ကိုလေ။
ကမ္ဘာပေါ်မှာ ယုတ်အညံ့ဆုံးက သမိုင်းဦးခေတ်ပင်။ ဂေးဆိုလည်း ရွယ်တူယောက်ျား သို့မဟုတ် အရွယ်ရောက်ပြီးသား ယောက်ျားတွေကို သွားရွေးပေါ့။ ဘာလို့ အရမ်း မုန်းရတဲ့ ကလေးစုတ်ကိုမှ။ ဘာလို့လဲ။ ဘာလို့လဲ။
မိမိ၏ ဦးခေါင်းကို စားပွဲနှင့် တဒုတ်ဒုတ် ဆက်တိုက် ဆောင့်နေမိသော သမိုင်းဦးခေတ်။ ဤသည် ယုတ်ညံ့သော ကိုယ့်ခေါင်းကို အပြစ်ပေးသည့် အနေဖြင့် နာကျင်အောင် လုပ်ခြင်းပင်။ အားလုံးက သည်ခေါင်းစုတ်ထဲမှ ထွက်လာသည် မဟုတ်လား။
ရန်ကုန်မြို့ကြီး၏ ညသည် မတိတ်ဆိတ်။ ကြယ်လည်း မပေါ်။ လျှပ်စစ်မီးတွေကြောင့် ကောင်းကင်သည် နေ့ခင်းလိုမျိုး နီကြန်သည်။ မြေပြင်ပေါ်မှာလည်း ဆူညံစွာ လှုပ်ရှား အသက်ဝင်နေသော သက်ရှိ သတ္တဝါများ။ လူတန်းစားအလွှာလည်း စုံပါဘိနှင့်။ တချို့က ဇိမ်ခံကားနှင့် တဝီးဝီး သွားလာနိုင်သလောက် တချို့က ခြေကျင်ဖြင့်သာ။ တချို့က တိုက်ခန်းမှာ။ တချို့က တံတားအောက်မှာ။ နိုက်ကလပ်မှာ ငွေသွားကျဲသော သူတွေရှိသလို ခွက်တွေနှင့် တောင်းစားနေသော သူတွေလည်း နေရာအနှံ့။
နိုက်ကလပ်ထဲ ပျော်မြူးနေသော သူတွေကြား အလင်းမျှင်လည်း မပါမဖြစ်။ တဒူဒူ မြူးကြွနေသော တီးလုံးကြား အလင်းမျှင်တို့၏ ဝိုင်းမှ တဟားဟား ရယ်သံများ။ အကြောင်းမှာ ညနေခင်းက အကြောင်းကို ဖောက်သည်ချနေသော အလင်းမျှင်၏ စကားများကြောင့်။
အကျင့်ယုတ်သော သမိုင်းဦးခေတ် အကြောင်းကို အလင်းမျှင် ဖောက်သည်ချချင်ပေမဲ့ ပြန်ရသည်က တဝါးဝါး ရယ်သံများ။ သူတို့က အလင်းမျှင်ကို မသနားသည့်အပြင် အပြစ်ပေးခံရသော ကလေး တစ်ဦးလို သဘောတကျ ရယ်လာကြသည်။ ထို့ပြင် "ဦးဦးကြောက် မျှင်လေး"၊ "မျှင်လေး ဖင်ရိုက်ခံရပြီ" ဟု စ,နောက်လာကြ၏။ ဝီစကီကို တစ်ကျိုက်ငုံရင်း သူတို့အား အလင်းမျှင် မျက်စောင်း ထိုးကြည့်သည်။
ВЫ ЧИТАЕТЕ
ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}
Любовные романыUnicode "ကိုယ့်အစ်ကိုရင်းရဲ့ မိသားစုကိုတောင် ဖျက်ဆီးရဲတဲ့ ခင်ဗျားလို လူယုတ်မာကို ကျုပ် သောက်ရမ်း မုန်းတယ် သမိုင်းဦးခေတ်" အလင်းမျှင် "ချစ်ဖို့ထက် မုန်းဖို့ ပိုလွယ်တဲ့အတွက် မင်း ငါ့ကို တစ်သက်လုံး မုန်းသွာ...