(၁၀) - အတိတ်

329 20 2
                                    

လွန်ခဲ့သော ၉ နှစ်

ငါးနှစ်ကြာပြီးနောက် အလင်းမျှင်လေး အသက် ဆယ်နှစ် ပြည့်လာခဲ့ပြီ။ အသက် ဆယ်နှစ်အရွယ် အလင်းမျှင်က ပျိုဖော်ဝင်စ ဆယ်ကျော်သက်လေး ရောက်လေပြီ။ သဘာဝတရားကြောင့်ရော၊ ဖြည့်စွက်စာများ၏ အကျိုးကြောင့်ပါ သာမန် လူထက် အလင်းမျှင်က အရပ် နှစ်လက်မ ရှည်နေ၏။ ခန္ဓာကိုယ်များလည်း ပြောင်းလဲစ ပြုနေလေပြီ။ ချိုင်းမွေးနှင့် ခြေသလုံးမွေးတို့က စတင် အညှောင့် ထွက်လာပြီ။ အရာရာ ပြောင်းလဲသွားခဲ့ပြီ။

မပြောင်းလဲသေးသော အရာသည်ကား ကျောင်းပိတ်ရက် စနေနေ့တိုင်း သမိုင်းဦးခေတ်ရှိရာ အဆောင်ကို မိဘနှင့်အတူ သွားလည်ခြင်း။

သမိုင်းဦးခေတ်သည် ဆယ်တန်း အောင်ပြီးသော် စီးပွားရေး မေဂျာနှင့် ကျောင်းဆက်တက်၏။ တက္ကသိုလ် ကျောင်းသားလေး သမိုင်းဦးခေတ်က အဆောင်နေမည်ဟု တောင်းဆိုလာသဖြင့် ဇေနိုင်ဦးမြတ် ထားပေးရခြင်း။ တကယ်ဆို အိမ်က ကျောင်းနှင့် သိပ်မဝေး။ အိမ်မှ လာတက်၍ ရသော်လည်း သန္တာမျိုးတို့နှင့် မနေချင်သောကြောင့် အဆောင်ထားပေးပါဟု တောင်းဆိုလာသော ညီလေးဖြစ်သူကို ဇေနိုင်ဦးမြတ် ခွင့်ပြုပေးရုံသာ။

ယခုလည်း မိမိ၏ ဦးလေးကို အဆောင်တွင် သွားတွေ့ရန် အလင်းမျှင် စိတ်လှုပ်ရှားစွာ အဆင်သင့် ပြင်နေလေသည်။ စိတ်ပျော်နေသဖြင့် ရေချိုးရင်း လေလေးတချွန်ချွန်။ ကောင်းပါပေ့ဆိုသည့် အဝတ်အစားတွေကို ရှာရွေးသော်လည်း စိတ်တိုင်း မကျနိုင်။ ထို့ကြောင့် လေမချွန်ဖြစ်တော့။ နာရီဝက်အကြာ ရွေးရင်းမှ နောက်ဆုံးတော့ ရှုံ့ကြိုး စတိုင်ပန့် ဘောင်းဘီရှည်နှင့် ပေါ့ပေါ့ပါးပါးအနေဖြင့် စာလုံး၊ အရုပ်ပါ အပြာရောင် တီရှပ်အပွမျိုးကိုသာ ရွေးဖြစ်သည်။ အားလုံးက ဘရန်းနှင့်ဖြစ်ကြောင်း အလင်းမျှင် ထည့်မပြောတော့။

ဝတ်စုံတော့ စိတ်တိုင်းကျပြီ။ ဖိနပ်။ သည်လို အဝတ်အစားက အဖြူရောင် ရှူးဖိနပ်နှင့်သာ လိုက်ဖက်သည်ဟု ထင်သဖြင့် ဖိနပ်စင်က အဖြူရောင်လေးကို ရွေးဝတ်လိုက်၏။ အဆင်တန်ဆာ အနေဖြင့် လက်စွပ်ကွင်းပါ ငွေရောင် ဆွဲကြိုးကြီးကို ရွေးဝတ်သည်။ အနက်ရောင် နာရီအဝိုင်းကြီးကို ဘယ်လက်မှာပတ်။ အပြင်ထွက်ရသဖြင့် အသားရောင် လျှာထိုးဦးထုပ်ကို ဆံပင်ကောက်များ ပိကျအောင် ဆောင်းပြီး နေကာမျက်မှန် အဝိုင်းကို ကျကျနန တပ်သည်။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Место, где живут истории. Откройте их для себя