(၁၅) - ပစ္စုပ္ပန်

444 19 2
                                    

သမိုင်းဦးခေတ် အလင်းမျှင် တစ်ဦးတည်းကို ခေါ်လာသည့် နေရာကား ဇေနိုင်ဦးမြတ်နှင့် သန္တာမျိုးတို့၏ အုတ်ဂူပင်။ ထိုအချိန်တုန်းက ထောင်ထဲရောက်နေသော သမိုင်းဦးခေတ် မသင်္ဂြိုလ်ပေးနိုင်သဖြင့် သော်တာခြည်နှင့် ရမ်နောင်တို့၏ အကူအညီဖြင့် သင်္ဂြိုလ်ခွင့် ရခြင်းပင်။

"ဘာလို့ ကျုပ်ကို ခေါ်လာတာလဲ"

"ဒီနေ့ ကိုကြီးတို့ ဆယ်နှစ်မြောက် နှစ်ပတ်လည်နေ့။ မင်း မိဘတွေကို နှုတ်ဆက်လိုက်အုံး"

ခပ်အေးအေးသာ ပြောလာသော နေကာမျက်မှန်နှင့် သမိုင်းဦးခေတ်အား အလင်းမျှင် ဒေါသတကြီးစွာ မျက်စောင်း ထိုးမိ၏။

"ဒီလို ဖြစ်ရတာ ခင်‌ဗျားကြောင့်ပဲလေ သမိုင်းဦးခေတ်။ ခင်ဗျားသာ မသတ်ခဲ့ရင် ကျုပ်မိဘတွေ မသေခဲ့ရဘူး။ ဒါတောင်မှ အရှက်မရှိ လာနှုတ်ဆက် ရဲသေးတယ်။ ခင်ဗျား မျက်နှာ ပြောင်တိုက်နိုင်ပေမဲ့ ကျုပ် ခင်ဗျားအစား အရမ်း ရှက်မိတယ် သမိုင်းဦးခေတ်!"

"အပြစ်တင်ချင်ရင် နောက်မှတင်။ ‌မင်း မိဘရှေ့မှာ အော်ကြီးအော်ကျယ် လာမလုပ်နဲ့။ ကိုယ့်သားသမီး ဒေါသထွက်နေတဲ့ ပုံစံနဲ့ လာ‌တွေ့တာကို ဘယ်မိဘမှ ကြိုက်မှာ မဟုတ်ဘူး။ ကိုကြီးတို့ကို ငြိမ်းချမ်းခွင့်လေး ပေးပါကွာ"

တည်ငြိမ်စွာ ပြန်ပြောသော သမိုင်းဦးခေတ်ကို အလင်းမျှင် လည်ပင်း ညှစ်သတ်ချင်လှပြီ။ သွေးအေး သတ္တဝါကောင်။ -င်သာမက မျက်နှာပါ ပြောင်တဲ့ကောင်။ ယုတ်မာ ကောက်ကျစ်တဲ့ကောင် စသဖြင့် စိတ်ထဲမှာ အမျိုးမျိုး ကျိန်ဆဲရင်း သူ ကမ်းပေးသော ပန်းစည်းကို ဆတ်ခနဲ ဆွဲယူကာ မေမေတို့၏ အုတ်ဂူပေါ် တင်ထားလိုက်သည်။ ပန်းစည်း အသစ်တချို့လည်း ရှိ၏။

သမိုင်းဦးခေတ်က အလိုက်သိစွာ ဇေနိုင်ဦးမြတ်၏ အုတ်ဂူဘက်သို့ ခပ်လှမ်းလှမ်း သွားရပ်ပေးပါသည်။

"မေမေနဲ့ ဖေဖေ၊ မတွေ့တာ အတော်လေး ကြာပြီနော်။ ဖေဖေတို့ကို မျှင် အမြဲတမ်း လွမ်းတယ်။ မျှင် အခု မွေးစား ဒယ်ဒီနဲ့ မာမီ့ဆီမှာ ကောင်းကောင်းမွန်မွန် နေရပါပြီ။ ဖေဖေတို့ စိတ်ချလို့ ရပါပြီနော်။ မျှင်က ဒယ်ဒီ့အစား အလုပ် လုပ်ဖို့ မြန်မာပြည်ကို ခဏ ပြန်လာတာ။ စီမံချက်ပြီးရင် ပြန်သွားရမှာ။ ဒီနေ့ ဦးခေတ် ခေါ်လာပေးလို့ ဖေဖေတို့ ရှိတဲ့နေရာကို မျှင် သိရတာ။ မဟုတ်ရင် မသိဘူး ဟီး"

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Donde viven las historias. Descúbrelo ahora