(၁၃) - ပစ္စုပ္ပန်

399 19 2
                                    

အချုပ်ခန်းဟူသည် စိတ်ကို ဧကန် အချုပ် ကျစေ၏။ မကြောက်ဘူးဟု မည်သို့ပင် ဖြေသိမ့်စေကာမူ လူခြေတိတ်သော ညအချိန်ကို ရောက်သော် အလင်းမျှင်၏ စိတ်ထဲ အနည်းငယ် ထိတ်လန့် လာသည်။ အချုပ်ကို စောင့်နေသည့် ရဲက ‌သိုးနေအောင် အိပ်နေလေပြီ။ အလင်းမျှင်နည်းတူ အချုပ်သားတွေကလည်း အိပ်နေကြလေပြီ။ စောင်ပါး တစ်ထည်ကို ဆုပ်ကိုင်ရင်း အလင်းမျှင် မအိပ်နိုင်သေး။ နေ့ခင်းက long coat ကို ဝတ်ထားဆဲဖြစ်လို့ ခြင်မကိုက်နိုင်။

တကယ်ဆို ၎င်းကုတ် သာမက ကိုယ်ပေါ်က အဝတ်အစားတွေသည် သမိုင်းဦးခေတ်၏ သုတ်ရနံ့တို့နှင့် နံစော်နေသည်။ ဒေါသ ထွက်လွန်းသဖြင့် နေ့ခင်းက အချုပ်ထဲမှာတင် ပစ်ထုတ်ခဲ့သေးသည်။ သို့သော် ညရောက်တော့ ခြင်ကိုက်ဒဏ်၊ အအေးဒဏ်တို့ကို မခံနိုင်သဖြင့် ပြန်ယူပြီး ခြုံထားရသည်။ ခြုံသာ ခြုံထားရပေမဲ့ အလင်းမျှင် အော်ဂလီဆန်နေဆဲ။

သူ သည်လို ဖြစ်ရတာ သမိုင်းဦးခေတ်ကြောင့်။ ဘိုးတော်စုတ်က မည်သည့်အချိန် ကတည်းက ကြိုစီစဉ်ထားပါလိမ့်။ ဪ ရုံးခန်းထဲ အလျင် ဝင်သွားစဉ်ကထင်။ ထိုအချိန်မှာ သူ့မိန်းမကို ဖုန်းကြိုဆက်ပြီး အစီအစဉ် ချကာ ပြောထားလောက်မည်။ သမိုင်းဦးခေတ်က သိပ်မာယာများသည်ကို အလင်းမျှင် သိရဲ့သားနှင့် သတိ လွှတ်နေခဲ့ပြန်ပြီ။ မိမိအသက် ဆယ်နှစ် တုန်းကလည်း ၎င်းအတိုင်းပင်။ သမိုင်းဦးခေတ်၏ အခန်းမှာ မပျက်သည့် ရေပိုက်က ပျက်သည်ဟု လီဆယ်ဆိုပြီး ထိုညက အလင်းမျှင်၏ ခုတင်ပေါ်ကို ပိုင်စိုးပိုင်နက် လာအိပ်သည်။ အလင်းမျှင်၏ စောင်ကို လုခြုံသည်။ ယခုလည်း အလင်းမျှင်၏ သိက္ခာကို အောက်ဆုံး ချပြန်ပြီတကား။

တွေးရင်းတွေးရင်း စိတ်တိုလာသဖြင့် သူ့အနံ့အသက် စွန်းနေသည့် အဝတ်အစားတွေကို ဒေါသကြီးစွာ ပြန်ချွတ်ပစ်ကာ ပစ်ပေါက်၏။ အတွင်းခံသာ ကျန်သောကြောင့် အသားတွေက စိမ့်ခနဲ။ ဤသည်ကို မခံစားနိုင်သေးဘဲ ပူလောင်သည်ဟုသာ ထင်မိသည်။ အလင်းမျှင်သည် ဒေါသ ထွက်လွန်းသဖြင့် အသက်ကို ပြင်းပြင်းပြပြ ရှုမိရကာ လက်ချောင်းတွေကိုလည်း တဂျွတ်ဂျွတ် ချိုးလျက်။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Unde poveștirile trăiesc. Descoperă acum