(၁၆) - အတိတ်

318 18 6
                                    

လွန်ခဲ့သော ၉ နှစ်

ထောင်ကျသောအခါ သမိုင်းဦးခေတ်ကို ထောင်သားတွေက နှိပ်စက်ကြသည်။ လူသတ်သမား၊ ကလေးသူငယ် နှိပ်စက်ရဲသေးလားဟု အမျိုးမျိုး နှိမ်ကာ နှိပ်စက်ကြသည်။ သျှောင်မထုံးရသောအခါ ဖျားလျား ချရသော သမိုင်းဦးခေတ်၏ ဆံပင်ရှည်ကို ဆွဲကာ နာကျင်အောင် လုပ်ကြသည်။ စကားလုံးဖြင့် နှိပ်စက်ကြသည်။ ချောလှသော သမိုင်းဦးခေတ်ကို ထောင်သားတွေက လိင်ပိုင်းဆိုင်ရာ စော်ကားကြ၏။ ‌ချောလှချည်လားဟု အရသာခံ ပြောဆိုကာ -င်တက် ချကြ၏။

ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ အစော်ကား ခံရသော သမိုင်းဦးခေတ်သည် နာကျင်ရပေမဲ့ လုံးဝ မငို။ အပြစ်ကြွေး ဆပ်သည်ဟုသာ စိတ်ဖြေကာ ပေတေတေ ခံမြဲခံသည်။ တစ်ခါတလေ ပြန်တောင် ပြုံးပြလေသည်။ ထိုအခါ သူ့ကို နှိပ်စက်သည့် လူမိုက်များက အံ့ဩကြသည်။ အရူးဟုပင် အမည်ပင် ထပ်ပေးကြသေးသည်။ တစ်ခု ကံသီသည်ကား သမိုင်းဦးခေတ်ကို နှိပ်စက်ကြသည့် လူတွေသည် အနောက်ပိုင်းမှလွှဲ မည်သည့်အပိုင်းမှ မထိကြပေ။ မျက်နှာကို အရသာ ခံကြည့်ရန် လုံးဝမထိကြ။

သမိုင်းဦးခေတ်အတွက် ငရဲတမျှ ဒုက္ခကြီးလှသော အကျဉ်းထောင်တွင် ကုန်ဆုံးရသည်မှာ အချိန် ခြောက်လပင် ကြာသွားလေပြီ။ ခြောက်လမျှ ကြာသောနေ့တွင် ဦးစိုးတင်သည် သုံးလက လျှောက်ထားသော ထောင်ဝင်စာ ခွင့်မိန့်ရသွားသဖြင့် သမိုင်းဦးခေတ်ကို လာတွေ့၏။

"အလင်းမျှင် အဆင်ပြေရဲ့လား ဦး‌စိုး"

ဦးစိုးတင်ကို မြင်မြင်ချင်း သခင်လေး ဆိုလာသော စကား။ ပါးရိုးများ ငေါထွက်သည်အထိ ပိန်ကျသွားသော သခင်လေးကို ဦးစိုးတင် ဝမ်းနည်းစွာ ကြည့်ပြီး ခေါင်းညိတ် ပြသည်။

"သားလေးက အရွယ်နဲ့ မလိုက်အောင် ရင့်ကျက် လာတယ်။ သန်မာလည်း သန်မာလာတယ်။ ဘယ်သူမှ သူ့ကို လာမစရဲတော့ဘူး။ ဟိုတစ်ရက်က အကြောင်း မသိတဲ့ ရပ်ကွက်က ကလေးတစ်ယောက် သူ့ကို မိဘမဲ့၊ ထောင်သားရဲ့ တူလို့ လာရန်စတော့ အဲ့ကလေးကို ရိုက်တာ သွားနှစ်ချောင်း ကျိုးသွားတဲ့ အထိပဲ။ ဦးလေးက ဝင်တောင်းပန်ရတာ၊ ဟင်း"

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Kde žijí příběhy. Začni objevovat