(၂၅) - ပစ္စုပ္ပန်

403 16 4
                                    

အလင်းမျှင်သည် ဆေးရုံကို အရူးတစ်ပိုင်းနှင့် ပြေးလာသည်။ စောင့်နေသော ရမ်နောင်ကို တွေ့သောအခါ နားမလည်နိုင်။ သူက ဘယ်လိုလုပ် အလင်းမျှင်ထက် အလျင် ရောက်နှင့်ရသနည်း။

"ခင်ဗျားက ဘယ်လိုလုပ်"

"ခေတ် ကယ်တဲ့ကလေးက သော်တာခြည်ရဲ့ သား"

"တောက်ခ်!!"

လာပြန်ပြီ ဒီမိန်းမစုတ်။ သူ့သားကြောင့်တဲ့လား။ တန်ရဲ့လား။ ဦးခေတ် ဒီလိုဖြစ်ရတာ အဲ့မိန်းမစုတ်ရဲ့ သားကြောင့်တဲ့လား။

"ဦးခေတ်က ခင်ဗျားတို့နဲ့ ပတ်သက်တာ ဘာကောင်းကျိုးမှ မရှိဘူး"

"ဘာကွ! မင်း ဘာသောက်စကား ပြောတာလဲ အလင်းမျှင်၊ ဒီလိုဆိုရင်ရော ခေတ်ကို မုဒိန်းကျင့်ခဲ့တဲ့ မင်းကရော၊ ခေတ်အတွက် ဘာကောင်းကျိုးတွေ ရှိခဲ့လို့လဲ။ ခေတ် ထွက်သွားခဲ့တာ မင်းကြောင့်ကွ။ ဒါတွေ သိရဲ့လား။ တောက်ခ်!!"

အံကြိတ်ပြောပြီး လက်ညိုးငေါက်ငေါက် ထိုးပါမှ အလင်းမျှင် ငြိမ်သွားသည်။

ရမ်နောင်တို့ကို သောက်ကလေးက လာအပြစ်တင်စရာ အကြောင်း မရှိဘူး။ ပြန်ပြောကြေးဆို ခေတ် ထောင်ကျရတာ ဘယ်သူ့ကြောင့်လဲ။ ရောဂါတွေ ရတာရော ဘယ်သူ့ကြောင့်လဲ။ ဒါတွေ သူ နားမလည်သေးဘူးလား။ အခုမှ ခေတ်ကို လာဂရုစိုက် ပြနေတာ။ ရှက်ကြော ပြတ်နေတာလားပဲ။

အကုန်ပြောပစ်ချင်ပေမဲ့ အိုကျနေသော ရုပ်နှင့် မျက်နှာကို အုပ်ထားသောကြောင့် ရမ်နောင် လက်သီးကိုသာ တင်းတင်း ဆုပ်ထားသည်။ ထပ်ပြောလျှင် ထိုကလေးပါ ဆေးရုံထပ်တက် ရလိမ့်မည်။ သောက်ကလေးက အရွယ်ရောက်နေပြီပဲ။ သူ့ဘာသာသူ သဘော ပေါက်ပါစေ။

အလင်းမျှင်လည်း ကိုယ့်အမှားကိုသာ သိသဖြင့် မည်သည့် စကားမျှ မဆိုတော့ဘဲ ငြိမ်ကျသွားသည်။ သူ သိပ်မိုက်မဲခဲ့တာပဲ။

သူတို့နှစ်ဦးသည် အတန်ကြာ စကား မပြောကြ။ နာရီအတော်ကြာအောင် စောင့်ပြီးသော် အစိမ်းရောင် ဝတ်စုံနှင့် အရေးပေါ် ဆရာဝန်တွေ ပြန်ထွက်လာကြသည်။ နှစ်ဦးစလုံးသည် နေရာမှ ဝုန်းခနဲ။ သူတို့သည် အချင်းချင်း မတည့်ကြပေမဲ့ သမိုင်းဦးခေတ်ကို စိတ်ပူပုံချင်း တူပါသည်။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ