(၂၁) - ပစ္စုပ္ပန်

378 19 6
                                    

"အယ်...ဒီကလေးတော့ လက်တွေ ထုံတော့မှာပဲ"

မနက်ခင်းအချိန် နိုးလာချင်း သူ့လက်မောင်းကို သူပြန်ခုအိပ်နေသော မျှင်၏ ခေါင်းကို ဖြည်းညင်းစွာ မ-တင်လိုက်ကာ ခေါင်းအုံးနှင့် ခုထားပေးလိုက်သည်။ ထို့နောက် ငြိမ်သက်စွာ အိပ်နေသော အလင်းမျှင်ကို သမိုင်းဦးခေတ် ငေးကြည့် နေမိ၏။

ဆံပင်က ခွေးလေး၏ အမွေးတွေလို နီညိုရောင်နှင့် ကောက်သည့်အပြင် စုတ်ဖွာသည်။ မျက်ခုံးမွေး နှစ်တန်းက ဖြောင့်တန်းပြီး ထူပေမဲ့ အနည်းငယ် အဝါရောင် သန်းချင်နေသည်။ အင်္ဂလိပ်လူမျိုးမို့ နှာတံက ပြောစရာ မရှိအောင် ချွန်ပြီး ဖြောင့်စင်း၏။ တင်းတင်း စေ့ထားသော နီရဲရဲ နှုတ်ခမ်းတစ်စုံက အထူအပါးညီသည်။ မေးလည်း ချွန်ချွန်နှင့်။ မကြာခင်မှ နှုတ်ခမ်းမွေးတွေ ရိတ်သိမ်းထားဟန် တူသည်။ မေးချွန်ချွန်က စိမ်းဖန့်ဖန့်။

သည်ကလေး ချောလိုက်တာ။ အကျင့်စရိုက်လည်း မနေ့ကအရ ရိုကျိုးသည်။ မဟုတ်မှ သမိုင်းဦးခေတ်နှင့် တစ်ခုခု တော်စပ်နေသည်လား။ သမိုင်းဦးခေတ် ပြန်စဉ်းစားကြည့်တော့ လွန်ခဲ့သော သုံးနှစ်က မိမိသည် သတိရလာချင်း ဘာကိုမှ မမှတ်မိခဲ့။ ထူးဆန်းသည့် လူတွေကြားမှာသာ ရောက်နေခဲ့သည်။ ထို့နောက် ရက်အနည်းငယ် ကြာသည့်အခါ ဘဘကြီးက လာခေါ်သည်။ သူ့အမည်က 'သမိုင်းဦးခေတ်' ဆိုသည်မှလွှဲ သူနှင့် ပတ်သက်သမျှကို ဘဘကြီးက မပြောပြတော့ချေ။ သမိုင်းဦးခေတ်မှ သိချင်စိတ်ဖြင့် မေးသော်လည်း ဘဘကြီးက မပြော။

သုံးနှစ်ကြာမှ သည်ကလေးက ပေါ်လာသည်။ မဟုတ်မှ သူ့ကို ပြန်လာခေါ်မို့လား။ ကလေးစုတ်နှင့် သမိုင်းဦးခေတ်က ဘယ်လို ပတ်သက်သလဲ။ အင်း စဉ်းစားကြည့်ရအောင်။

"ဒီကလေးက ငါ့သားများလား"

"အဟွတ်!"

ဟန်ဆောင်အိပ်နေသော အလင်းမျှင်သည် တံတွေး ထသီး၏။ မျက်လုံးလည်း အပြူးသား။

ဘယ့်နှယ် ဦးခေတ်က သူတို့ကို သားအဖဇုန်ထဲ သွင်းလိုက်တာတုန်း။ ရင်နာလိုက်တာ။

"မျှင် အဆင်ပြေရဲ့လား။ အအေးမိသွားတာလား"

စိုးရိမ်လာသော ဦးခေတ်ကို မြင်တော့ အဆင်ပြေကြောင်း ပြန်ပြောရတော့သည်။ တကယ်တော့ အလင်းမျှင် သိပ်အဆင်မပြေလှပါ။ ဘယ်အဆင်ပြေ နိုင်ပါ့မလဲ။ အလင်းမျှင် ချစ်သည့်သူက သားအဖဇုန်ထဲ သွင်းလိုက်တာကိုး။ ဟင်း...ဦးခေတ်က အတိတ်မေ့နေသည့်သူ အဖြစ် မမှတ်မိတော့လည်း ထားပါတော့။ သည်လိုလဲ ကောင်းပါသည်။ ဦးခေတ်သာ အတိတ်ကို ပြန်သတိရခဲ့လျှင် သူ့နှင့် စကားပြောချင်မှ ပြောမှာ။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Donde viven las historias. Descúbrelo ahora