(၁၇) - ပစ္စုပ္ပန် 🚨

664 20 14
                                    

နောက်တစ်နေ့ရောက်သော် သမိုင်းဦးခေတ် အကြီးအကျယ် ဖျားသွား၏။ မနေ့က လေအေး ခံလိုက်သောကြောင့်ရော အလင်းမျှင် ကြမ်းသွားသောကြောင့်ပင်။ သော်တာခြည်မှာ သမိုင်းဦးခေတ်ကို စောင့်ရှောက် ရပြန်သည်။ တရားခံ အလင်းမျှင်မှာ သမိုင်းဦးခေတ် ဖျားသည်ကိုပင် မသိ။ 'မနက်ဖြန် မြန်မာပြည်ကို လာမယ်' ဟု ဒယ်ဒီနှင့် မာမီတို့က စပရိုက်စ် တိုက်ချသဖြင့် မနက်အစောကြီး လေယာဉ်ကွင်းသို့ သွားကြိုရခြင်း။

ဩဇီက ဒေါ်ကမာရွတ်တို့ လင်မယားသည် သူတို့ သားလေး၏ သတင်းကို ကြားရချင်း အလုပ်တွေကို ယုံကြည်ရသော အတွင်းရေးမှူးနှင့် ချန်ထားကာ မြန်မာပြည်ကို လေယာဉ်လက်မှတ် ဖြတ်သည်။ သို့သော် ကံဆိုးစွာ နောက်နှစ်ရက်ကြာမှ ရောက်၏။ မရောက်ခင် သား‌လေးကို ဖုန်းဆက်ကြည့်ရာ ကိုင်လာသဖြင့် အချုပ်ခန်းထဲက လွှတ်လာမှန်း သိသည်။ သားလေး၏ ဗီဒီယိုဖိုင်ကို သူတို့ တွေ့သည်။ မိန်းကလေးကိုသာ စိတ်ဝင်စားသည့် သားလေးက အဘယ်ကြောင့် သူ့မိဘကို သတ်ခဲ့သည့် လူငယ်လေးကိုမှ sex လုပ်ရသနည်း။ ဤသည်လည်း လက်စားချေနည်း တစ်မျိုးလော။ ထိုသို့ဆိုလျှင်လည်း ဒေါ်ကမာရွတ် မပြောလိုချေ။ ပြောချင်သည်က sex လုပ်နေရင်း အရှက်မဲ့စွာ အဖမ်းခံရသည့် သူတို့၏ သားလေး ဉာဏ်နည်းသွားပုံကိုပင်။

ရောက်လျှင် ခေါင်းထိပ်ကို ခပ်နာနာ ရိုက်ပစ်ရဦးမည်။

ကြိုတင် တွေးထားသည့် ဒေါ်ကမာရွတ်က ရန်ကုန် လေဆိပ်သို့ ဆင်းသော် ကြိုနေသော သားလေးအား တွေ့ရချင်း ကလန်ကလား အရပ်ကြီးကို ငုံ့စေကာ ခေါင်းထိပ်အား ဒေါက်ခနဲ ခေါက်ပစ်လိုက်သည်။

"မာမီ!"

ငိုမဲ့မဲ့နှင့် သားလေးက သနားစဖွယ် ကြည့်လာသည်။

"မာမီ ဘယ်လို သင်ထားပေးလဲ။ အဲ့လောက် အရှက်တကွဲ ဖြစ်သွားလိုက်ရလား။ မာမီ သားအစား ရှက်တယ်"

"I'm more. ရှက်ရကြေးဆို သားက ပိုရှက်ရတာပါနော်"

နှုတ်ခမ်းစူကာ ကပ်ချွဲလာသော သားလေး ပြောသည်လည်း မမှား။ ရှက်ရကြေးဆို တရားခံ သားလေးက ပိုက်ရှက်ရသည်ပေါ့။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Onde histórias criam vida. Descubra agora