Zawgyi
Beakhyun ထုံးစံအတိုင်း မနက်ခင်းမှာ အဖွားရဲ့ ဆူသံနဲ့အတူ နိုးထပြီး ပင်လယ်ထဲ ဆင်းဖို့ ပြင်ဆင်ကာ ထွက်လာလိုက်သည်။ဒီနေ့တော့ သူပိုရှာရမယ်။အေးလာပြီမို့ အဖွားတွက် အနွေးထည် ဝယ်ပေးချင်တာကြောင့် ဈေးထဲ သွားရောင်းဖို့ စဉ်းစားထားသည်။မနေ့က အပျင်းထူပြီး ဈေးသွားမရောင်းခဲ့ဘူးလေ။
အတွေးတွေလွှင့်ရင်း Park Chanyeolဆိုတဲ့ လူရဲ့ အိမ်ရှေ့ရောက်လာသည်။အိမ်ရှေ့ကို တစ်ချက်လှမ်းကြည့်ပြီး ပင်လယ်ဘက် ဆက်လျှောက်သွားလိုက်သည်။
Beakhyunလဲ သူ့ကိုယ်သူ မသိပေ။ဘာကြောင့် Patk Chanyeolဆိုတဲ့ လူရဲ့အကြောင်းကို စိတ်ဝင်စားနေမိပြီး လူစိမ်းတစ်ယောက်လို့ မခံစားရတာလဲ။
ပင်လယ်ရောက်တော့ kaiကို လှမ်းကြည့်တော့ အလူပ်များနေသည့် ပုံပင်။အဲ့တာကြောင့် စကားမပြောတော့ဘဲ လှေကိုသာ ယူပြီး ထွက်ခဲ့လိုက်သည်။
~~~~~~~~~~~~~~
Chanyeol တစ်ညလုံး ဘယ်လိုမှ အိပ်မရပေ။နူံးညံ့ပြီး အိစက်လွန်းတဲ့ မွေ့ရာအပေါ်မှာဘဲ အသားကျနေတဲ့ ခန္ဓာကိုယ်က ကြမ်းပြင်မှာ မွေ့ရာသာအပါးလေးသာ ခင်းတဲ့နေရာကြောင့် ကျောတွေနာကာ အိပ်လို့လဲမရပေ။အပူပေးစက်နဲ့ နေခဲ့သူမို့ အပူပေးစက်မရှိတဲ့ ဒီအခန်းက ချမ်းအေးလွန်းသည်။ချက်ချင်းကြီး သူအတွက် အသားမကျနိုင်။
တစ်ကိုယ်လုံး နာကျင်ကိုက်ခဲစွာနဲ့ နိုးထလာရတဲ့ မနက်ခင်းဟာ သူ့အတွက် ပထမဆုံးပင်။မိုးလင်းခါနီးမှ အိပ်ပျော်သွားတာကြောင့် အိပ်ရေးက သိပ်မဝပေ။နိုးနိုးချင်း silentလုပ်ထားတဲ့ ဖုန်းကို ယူကြည့်လိုက်တော့
ဖုန်းမျက်နှာပြင်ပေါ်က ဖုန်းခေါ်ကြိမ် ၅၀ကျော်ကြောင့် ပြုံးလိုက်မိသည်။သေချာတာ တစ်ခုက သူ့ခေါင်းမွှေး ပြောင်တော့မယ်။ဖုန်းပြန်ဆက်လိုက်တာနဲ့ တန်းကိုင်တဲ့ လူတစ်ယောက်။
တဖက်က အော်သံကြောင့် Chanyeol နားနားက ဖုန်းကို ဝေးဝေးလိုက်ရသည်။"yarrr Park Chanyeol လူကို စိတ်ပူုပြီး သေအောင် သတ်နေတာလား.....ဖုန်းဆက်တာကို ဘာဖြစ်လို့ မကိုင်တာလဲ "
"silentလုပ်ထားမိလို့ပါကွာ ...."
"မင်းကတော့ silentလုပ်ထားမိတာ ငါကတော့ စိတ်ပူလို့ သေတော့မယ်။"