Zawgyi
ကုတင်ပေါ် တစ်ယောက် အိပ်နေပြီ ကုတင်အောက်မှာ အိပ်နေတဲ့ လူတစ်ယောက် .....
နှစ်ယောက်စလုံး အိပ်မပျော်နိုင်ပါသေးဘဲ အသံတိတ်စွာ ကျောခိုင်းထားကြသည်။ပြောချင်တဲ့ စကားတွေ ရှိပါရဲ့နဲ့ မပြောထွက်ကြတဲ့ လူနှစ်ယောက်.........
Kai ကုတင်ပေါ်က Kyungsooကို ကြည့်လိုက်သည်။
ဒီလူသားလေး မနက်သာ ပြန်သွားရင် ဘယ်တော့မှ သူ ထပ်တွေ့နိုင်အုံးမှာလဲ......ဘယ်လောက်ထိ အချိန်အကြာကြီး မတွေ့ဘဲ နေရအုံးမှာလဲ..
ဒီလိုမှန်းသာသိရင် တက္ကသိုလ် ဆက်တတ်ခဲ့ပါတယ်။
အထက်တန်းပြီးတော့ အဖေက တက္ကသိုလ်ဆက်တတ်ဖို့ ဆ်ုးလ်ကို လွှတ်ပင်မယ့် သူကိုယ်တိုင် ငြင်းဆန်ခဲ့တာမဟုတ်လား.......အခုတော့ နောင်တရမိသည်။သူသာ တက္ကသိုလ်ဆက်တတ်ပြီး ဆိုးလ်မှာသာ အခြေချရင် ဒီလူသားလေးကို သူအမြဲ တွေ့ရမှာ......
ဒါပင်မယ့် အဲ့လိုသာဆိုရင်ရော သူနဲ့Kyungsooနဲ့က တွေ့ဆုံခွင့်ရှိခဲ့ပါ့မလား.....
ဘယ်အရာကို အပြစ်တင်ရမှန်းမသိ သက်ပြင်းသာချမိသည်။
သူဟာ အရင်ကတည်းက ဘယ်အရာကိုမှ အလေးနက်မထားခဲ့သလို အချစ်ဆိုတဲ့အရာ ပိုဆိုးတာပေါ့.. အလည်လာတဲ့ မိန်းကလေးတွေကို အီစီကလီရှိပင်မယ့် တခြား ဘာအကန့်မှ မရှိပေ။ဒါပင်မယ့် Kyungsooကတော့ မတူ....စတွေ့ကတည်းက တခုခုဆွဲငင်နေသလို သူ့အတွက် ခံစားရတဲ့ တစ်ဦးတည်းသော လူသား တစ်ယောက်.....ချစ်သည်တဲ့လား..
သူသိပ်ချစ်ပါသည်...Kyungsooကိုပေါ့....."အိပ်မပျော်ဘူးလား Kyungsoo "
ကုတင်ပေါ် လှုပ်နေသည့် Kyungsooကို သူအသံပြုလိုက်သည်။
"အွန်းးး အိပ်ယာ ပြောင်းလို့ ထင်တယ်"
"ဒါပင်မယ့်လဲ အိပ်ပျော်အောင် အိပ်ကြည့်ပါ မဟုတ်ရင် မနက် ပင်ပန်းနေမှာ"
"အင်းးး"
သူတို့ နှစ်ဦးကြားထဲက လေထု အေးစက်သွားပြန်သည်။
"Kai"
"ဟင်"
"မင်း ငါ့ဆီ ဘာလို့ ဖုန်းတွေ ခေါ်နေတာလဲ....ငါမကိုင်မှန်း သိတယ်မလား"