Zawgyi
"ဆေးတွေ စုံတယ်မလား "
"အွန်း ကျေးဇူးပါကွာ မင်းမကူညီရင် ဆေးစုံစုံ ရမှာ မဟုတ်ဘူး"
Chanyeolဆေးတွေကို လိုက်စစ်ရင် သဘောကျနေမိသည်။လိုအပ်သမျှ ဆေး တွေ သူအကုန်မှာထားတာ...အားလုံးရတာမို့ Kyungsooကို ပိုကျေးဇူးတင်သည်။ဆေးခန်းလေး ဖွင့်ဖို့လဲ စိတ်လှုပ်ရှားမိသည်။
"ရပါတယ်ကွာ ဒါဆို ငါအိပ်တော့မယ် မနက် Dutyရှ်လို့"
"အာ....Kyungsoo ဧည့်သည်ခန်းက ကုတင်က ၂ယောက်အိပ်မဟုတ်လား အဲ့တာ....kaiကို မင်းနဲ့ အိပ်ခိုင်းလို့ရလား"
"ချီးတောင် မရဘူး ....သူသာ ငါနဲ့ လာအိပ်ရင် ငါတစ်ညလုံး အိပ်ရမှာမဟုတ်ဘူး"
"ဟင်"
"စကားများလို့ပါကွာ ...ဒီလိုလုပ် မင်းလာအိပ်ရင် အိပ် မဟုတ်ရင် Beakကို ငါခ်ါသိပ်လိုက်မယ်"
Chanyeolတစ်ယောက် အကျပ်တွေ့တော့သည်။ဒီလို ရတောင့် ရခဲ အချိန်လေးမှာ Beakအိပ်နေတဲ့ ပုံလေး တစ်ညလုံ့း ကြည့်မလို့ပါဆို.....
"ဟို ....အဲ့တာက Beakက အအိပ်ကြမ်းတယ်တဲ့ မင်းမနက်dutyဆိုတော့ အိပ်ရေးပျင်လို့မရဘူးလေ....ဧည့်သည် ၂ယောက်ကိုအတူတူသိပ်တာကျ သူတို့ ညဘက် သေးတွေ ဘာတွေ ထပေါက်ရင် အခက်ခဲဖြစ်မှာပေါ့"
Kyungsoo စိတ်ထဲတွင် Chanyeolရယ် ညဘက် ထရလဲ တောနက်ထဲ သွားရတာ မဟုတ်ပါဘူးလို့ အော်ပြောလိုက်သည်။
"အဲ့တော့ မင်းနဲ့ Beakhyunအတူ အိပ်ရမှ အဆင်ပြေမှာပေါ့"
"အဲ....အဲ့လိုပေါ့"
"အေးပါ အေးပါ ပို့မယ့်ပို့တော့လဲ အခန်းထဲထိ ပို့ပေးရမှာပေါ့"
"မင်း ကလဲ"
"ငါသိပါတယ် Chanyeolရယ် ဒါပင်မယ့် ငါကတော့ မင်းကို သေချာ စဉ်းစားစေချင်တယ်......ဒီလိုခေတ်မှာ ယောကျာ်းနှစ်ယောက် ချစ်ကြိုက်တာ ထူးဆန်းတာ မဟုတ်ပင်မယ့် သာမန်အတွဲတွေလို ပြတ်လိုက် အသစ်ရှာလိုက်က အဆင်မပြေဘူး......အဆုံးထိ လက်တွဲမယ်ဆိုရင် ငါတော့ အားပေးတယ်
"Chanyeol ခေါင်းငြိမ့်ပြလိုက်သည်။Kyungsooက အမြဲ လူကြီးဆန်ဆန် တွေးပြီး ရင့်ကျက်လွန်းတယ် ။သူ့က်ုလဲ အမြဲ အားပေးတယ်။သူငယ်ချင်းတွေ အများကြီးထက် ဒီလို တစ်ယောက် ရှိနေတာဘဲ သူ့အတွက် လုံလောက်ပါပြီ....
